25 C
Yangon

မြိုင်နှင့် ပေါက် မြို့နယ်တွင် ပျူစောထီး စခန်းနှင့် ပျူစောထီး ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ရေစကြိုတွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မြိုင်နှင့် ပေါက် မြို့နယ်တွင် ပျူစောထီး စခန်းနှင့် ပျူစောထီး ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ရေစကြိုတွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၆

မကွေးတိုင်း၊ မြိုင်နှင့် ပေါက် မြို့နယ်တွင် ပျူစောထီး စခန်းနှင့် ပျူစောထီးကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဇွန်လ ၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက မီတာ ၈၀၀ မှ လက်နက်ကြီးမျိုးစုံဖြင့် အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ပျူစောထီး စခန်းကို လက်နက်ကြီး အလုံးရေ ၅၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူစခန်းတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကာ စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ တပ်ခွဲ (၁) ၊ MUGDF တပ်ဖွဲ့ ၊ ဝံပုလွေပြောက်ကျား တပ်ဖွဲ့ ၊ ဇာမဏီသွေးတပ်ဖွဲ့ ၊ ဘာမထီတပ်ဖွဲ့ ၊ သံမဏိလိပ်ပြာတပ်ဖွဲ့ ၊ မိုးမိတ်ပြောက်ကျားတပ်ဖွဲ့ နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၅ ရက်နေ့ ည ၈ နာရီခန့်က ပခုက္ကူမြို့မှ ပေါက်မြို့သို့ ပြန်လာသည့် ရိက္ခာပို့ ကားတန်းကို လုံခြုံရေးယူပေးနေသည့် အင်အား ၂၀ ခန့်ရှိသော ပျူစောထီးကားကို တော်လှန်ရေး ရဲဘော်များက ကမ္မ အနောက်ဘက်တစ်နေရာ၌ စောင့်ကြိုပစ်ခက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်း ကားသည် စစ်တပ်ယာဥ်တန်းကို လုံခြုံရေးယူရန် အောင်သာ၊ သင်းကတ်၊ ရေလာလေး ၊ ညောင်ဂျစ်ပင်စသော ပျူစောထီးများပေါင်း၍ ကမ္မ- ပေါက်လမ်းသို့ လုံခြုံရေးယူလာခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုအတွင်း ကားမှာ ပျက်စီးသွားပြီး ကမ္မရဲစခန်းတွင် လဲလှယ်သွားကြောင်းသိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် – ပကဖ တပ်ရင်း ၁ ၊ တပ်ခွဲ(၁) ၊ တပ်ခွဲ (၂-ဂဠုန်) ၊ ကမ္မဒေသကာကွယ်ရေးတပ်ဖွဲ့ (KMDF)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဇွန်လ ၅ ရက်နေ့၌ ဒရုန်းဖြင့် အီနာဂါ ၄ လုံး ပစ်ချ တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ဗုံးကျဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာသို့ တိုက်ရိုက်ထိမှန်ခဲ့ပြီး အပင်အောက်တွင် လဲကျနေ‎သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရှိရပြီး ၇ ဦးထိခိုက်သွားကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထန်းချောင်းကျေးရွာကို ဇွန်လ ၄ ရက်နေ့တွင် ဝင်ရောက်မွှေနှောက်ကာ မီးရှို့ဖျက်ဆီးသွားသော စစ်ကြောင်းဖြစ်ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article