27 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ၃ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၇ ဦးသေဆုံး

Must read

KNU တပ်မဟာ ၅ နယ်မြေတွင် ၃ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၁

ကရင်ပြည်နယ်၊ KNU အမှတ် ၅ တပ်မဟာနယ်မြေတွင် ၃ ရက်အတွင်း တိုက်ပွဲပေါင်း ၁၀ ကြိမ်ဖြစ်ပြီး အ ကြမ်းဖက်စစ်သား ၇ ဦးသေဆုံးကြောင်း မူတြော်သတင်း စဉ်က ထုတ်ပြန်သည်။

ဇွန်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်အချိန် ရှေ့တန်းတပ်စခန်းများအတွက် စားနပ်ရိက္ခာများလာ ရောက်ပို့ ဆောင်သော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို လူသောမြို့နယ်၊ ဘလားလူဒေသတွင် တစ် ကြိမ်နှင့် ဟော်ဂေါ်ထာတွင်တစ်ကြိမ်၊ နံနက် ၁၀ နာရီအချိန် ဖလတ်ခိုဒေသတွင်တစ်ကြိမ်နှင့် တာဃော် လူ တွင်တစ်ကြိမ် လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ဒွယ်လိုးမြို့နယ်အတွင်းရှိ ဖားလုန်းဒိုနှင့် ထီးကဆော်မဲတွင် နှစ်ကြိမ် ထပ်မံ ကြားဖြတ်တိုက် ခိုက်ခဲ့ကြောင်း၊ စုစုပေါင်း တိုက်ပွဲ ၆ ကြိမ် အတွင်း အကြမ်း ဖက်စစ်သား ၃ ဦး သေဆုံးကာ ရိက္ခာတင် ကားတစ် စီးနှင့် မြင်းလား ၄ ကောင် ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၅ ရက်နေ့၊ နံနက် ၄ နာရီ ၄၃ မိနစ်အချိန် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်းရှိ ကောကော်ထာတွင် တစ်ကြိမ်၊ လူသောမြို့နယ်အတွင်းရှိ မောလူ ခေးပူတွင် တစ်ကြိမ်နှင့် တာဃော်လူ တကွီးကျိုးတွင်တစ် ကြိမ် စုစု ပေါင်း ၃ ကြိမ် ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေ ဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၄ ရက်နေ့၊ နံနက် ၇ နာရီ အချိန်က ဒွယ်လိုးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စွဲရာ မယ်ဝေစခန်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်၊ အမှတ် ၁၀၁ တပ်ရင်း လက် အောက်ရှိ တပ်ခွဲတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။၀င

၃ ရက်တာတိုက်ပွဲ ၁၀ ကြိမ်အတွင်း အကြမ်းဖက်စစ်သား ၇ ဦး သေဆုံးခဲ့ပြီး ယင်း တိုက်ပွဲများအတွင်း KNU အမှတ် ၅ တပ်မဟာ စစ်သည်တော်များ တစုံတရာထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ ကြောင်း သိရှိရသည်။

ဓာတ်ပုံ- KNU တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်။)

Photo- AFP ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article