28 C
Yangon

ရွှေဘို-ကျောက်မြောင်းလမ်းတွင် စစ်တပ်စစ်ကြောင်းကို အကြိမ်ကြိမ် မိုင်းဆွဲမှု စစ်သား ၁၅ ဦးသေဆုံး

Must read

ရွှေဘို-ကျောက်မြောင်းလမ်းတွင် စစ်တပ်စစ်ကြောင်းကို အကြိမ်ကြိမ် မိုင်းဆွဲမှု စစ်သား ၁၅ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်တပ်စစ်ကြောင်းကို အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၅ ဦးသေဆုံးခဲ့ကြောင်း Burma Rangers တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်အေဓိက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်အချိန် ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် ကင်းပုန်းဝပ် ရန် အင်အား ၅၀ ခန့်ဖြင့် ထွက်လာသော စစ်တပ်စစ်ကြောင်းကို ရွှေ မိ စက်သုံးဆီဆိုင်အနီး မိုင်း ၆ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိ ခိုက် ဒဏ်ရာရရှိသူများရှိပြီး ဆီဆိုင်နောက်ကျောဘက်သို့ ဆင်းကာ ကြက်မွေးမြူရေးဇုန်ဆီသို့ ဆက် လက် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ထိုစစ်ကြောင်းကို ပါဆယ်မိုင်း ၇ လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးနေရာမှာပင် ပွဲချင်းပြီးသေဆုံးကာ စစ်တပ်က ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် သေဆုံးဒဏ်ရာရ စစ်သားအလောင်းများကို ဆွဲယူသွားကာ ကြက်မွေးမြူရေးဇုန်အတွင်းသို့ ဝင် ရောက်ခဲ့ကြောင်း သိရသည်။

အထိနာနေသော စစ်ကြောင်း ဝင်ရောက်သွားသည့် ကြက်မွေးမြူရေးဇုန်အတွင်းတွင်လည်း မိုင်း ၄ လုံးဖြင့် တတိယအကြိမ်အဖြစ် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများမှာလက်နက်ငယ်ဖြင့် အနည်းငယ်သာ ပြန်လည်ပစ်ခတ်နိုင်ခဲ့ပြီး အများအပြားဒဏ်ရာရရှိနိုင်ကြောင်း၊ ယင်းကြက်မွေးမြူရေးဇုန် အတွင်းမှ အကြမ်းဖက်စစ်သား ၇ ဦး ထွက်လာစဉ် ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ အထိနာသော စစ်ကြောင်းကို ထပ်မံအင်အားဖြည့်ရန် ကျောက်မြောင်းဘက်မှ စစ်ကြောင်းတစ်ကြောင်း ထွက်လာပြီး ကြက်မွေးမြူရေးဇုန်ရှိ စစ်တပ်ထံသို့ အင်အားဖြည့်တင်းခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်သားများ သွားလာနိုင်သည့်နေရာများသို့ ကြိုတင်ခန့် မှန်းကာ မိုင်းများပြင်ဆင်ထားပြီး အကြမ်းဖက်စစ်သားများကို မိုင်း ၆ လုံးဖြင့် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၆ ဦးခြေပြတ်၊ လက်ပြတ် ဖြစ်ကာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် ၆၀ မမ လက်နက်ကြီးဖြင့် ရမ်း သမ်းပစ်ခတ်မှုလည်း ရပ်တန့်သွားသည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုများအတွင်း သေဆုံးဒဏ်ရာရ အကြမ်းဖက်စစ်သားများကို မိုးကာအုပ် ၁၂ ဘီးကား တစ်စီးဖြင့် တင်ဆောင်ကာ ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ တပ်အတွင်းသို့ သယ်ဆောင်သွားကြောင်း၊ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် ကြက်မွေးမြူရေးဇုန်မှ ရွှေဘိုတက္ကသိုလ် အတွင်းသို့ ပြန်လည်ဝင် ရောက် နိုင်သည်မှာ ၂၅ ဦးခန့်သာ ပြန်လည်ဝင်ရောက်နိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို Burma Rangers (ShweBo) မှ မိုင်း အရွယ်အစားမျိုးစုံး ၂၄ လုံးအသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးကာ ၈ ဦးခြေပြတ်လက်ပြတ်အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ယမန်နှစ် ကရင်နီပြည်နယ်တွင် မိုင်းမိထားသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Karenni’s Voice

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article