27 C
Yangon

နိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ စစ်ဆေးရေးဂိတ်များ၊ ရဲစခန်းများကို လာရောက် တိုက်ခိုက်ပါက ကြံ့ကြံ့ခံ ခုခံနိုင်ရေး ခုံခံစစ် ပြင်ဆင်ထားရန် စစ်ကောင်စီက ထပ်မံ ညွှန်ကြားပြန်

Must read

နိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ စစ်ဆေးရေးဂိတ်များ၊ ရဲစခန်းများကို လာရောက် တိုက်ခိုက်ပါက ကြံ့ကြံ့ခံ ခုခံနိုင်ရေး ခုံခံစစ် ပြင်ဆင်ထားရန် စစ်ကောင်စီက ထပ်မံ ညွှန်ကြားပြန်

ရန်ကုန်၊ ဇွန် ၁၁

မြန်မာနိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ စစ်ဆေးရေး ဂိတ်များနှင့် ရဲစခန်းများတွင် PDF များ လာရောက်တိုက်ခိုက်ပါက ကြံ့ကြံ့ခံနိုင်ရေး အခိုင်အမာ ခုခံစစ် ပြင်ဆင်ထားကြရန် စစ်ကောင်စီက ထပ်မံ ညွှန်ကြားထားကြောင်း နေ ပြည် တော် စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများ၊ အရေးပါသည် စစ်ဆေးရေးဂိတ်များ အတိုက်ခံရသည့်အခါတိုင်း အခိုက်အမာခံတပ် ပြင်ဆင်ထားရန် ညွှန်ကြားလေ့ရှိရာ ယခုရက်ပိုင်းအတွင်းတွင်လည်း ထိုကဲ့သို့သော အမိန့် ညွှန်ကြားချက် ထပ်မံ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု သိရှိရသည်။

တပ်ရင်းတပ်ဖွဲ့များတွင် ကတုတ်ကျင်းများ တူးခြင်း၊ တပ်ခြံစည်းရိုးများကို အခိုင်အမာ တည်ဆောက်ခြင်းနှင့် မိုင်းများမြှုပ်နှံ ပြင်ဆင်ထားရန်၊ လေကြောင်းတိုက်ခိုက်မှုများအတွက် ဗုံးခိုကျင်းများ တူးထားပြီး ဘန်ကာ၊ သဲအိတ်၊ ရှေ့ထွက်ကင်း၊ ကာကင်းများကို စနစ်တကျ ပြင်ဆင်ထားရန်၊ တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများတွင် ၂၄ နာရီ လုံခြုံရေး အသင့်ပြင်ထားပြီး ကင်းပုန်းများ ချထားရန်၊ လက်နက်တိုက်များ၏ လုံခြုံရေးအတွက် ယခင်ထက် ပိုမိုမြှင့်တင်ထားရန်၊ ဒရုန်းဖြင့် ဗုံးကျဲမှုများအတွက် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက Jammer စက်များ၊ ဒရုန်းဖြတ်တောက်သည့် ဒရုန်းပစ်လက်နက်များ အသင့်ပြင်ထားရန်၊ ယင်းစက်များ မရှိသေးပါက တောင်းခံ တပ်ဆင်ရန်၊ မလိုအပ်ဘဲ တပ်ရင်းတပ်ဖွဲ့များ၊ စခန်းများတွင် မိသားစုဝင်များ၊ စစ်သည်များ၊ အဖွဲ့ဝင်များကို ပြင်ပထွက်ခွင့်နှင့် ခွင့်မပေးရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် တပ်တွင်း စည်းလုံးညီညွတ်ရေးအတွက် အရာရှိနှင့်စစ်သည်များ စည်းလုံးစွာ နေထိုင်ကြရန်၊ ပြင်ပ Facebook မှ သတင်းများနှင့် ကောလဟလ သတင်းများကို တိုက်ဖျက်နိုင်ရေးအတွက် အပတ်စဉ်၊လစဉ် အစည်းအဝေးများဖြင့် ပုံမှန် ကျင်းပ၍ အသိပညာ တိုးပွားရေး ဆောင်ရွက်ရန် ညွှန်ကြားကြောင်း သိရှိရသည်။

“ဒါတွေက အကြိမ်ကြိမ် ညွှန်ကြားချက်ထွက်ပြီးသားပေမယ့် အခုနောက်ဆုံး ညွှန်ကြားချက်ကတော့ မိမိစခန်းကို မစွန့်လွှတ်ဘဲ အသက်ဆုံးသည်အထိ တိုက်ပွဲဝင်ကြရန် ဆိုတာမျိုး ပါလာတယ်။ ငါမသေ ငါ့စခန်း မကျစေရ ဆိုတဲ့ စိတ်ဓာတ်နဲ့ လာရောက်တိုက်ခိုက်မှုတွေ တွန်းလှန်ဖို့ ပါတယ်။ ကျနော်တို့ကို အသေခံခိုင်းနေတာ” ဟု အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ မုန်တိုင်းတိုက်ခတ်ခဲ့သော ရခိုင်ပြည်နယ်တွင်လည်း တပ်ရင်းတပ်ဖွဲ့များ၊ စခန်းများနှင့် စစ်ဆေးရေးဂိတ်များတွင် ၂၄ နာရီ လုံခြုံရေး အဆင်သင့် ပြင်ဆင်ထားရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article