26 C
Yangon

မြင်းခြံတွင် နီနီလွင် ရွှေဆိုင်ပိုင်ရှင် ပစ်သတ်ခံရပြီး ပြည်မြို့တွင် အမျိုးသမီး တစ်ဦး အသတ်ခံရကာ ငွေ သိန်း ၅၀ လုယက်သွား၊ ရန်ကုန်တွင်လည်း ပစ္စည်းလုယက်မှုနှင့်ခိုးမှုများ အဆမတန်မြင့်တက်

Must read

မြင်းခြံတွင် နီနီလွင် ရွှေဆိုင်ပိုင်ရှင် ပစ်သတ်ခံရပြီး ပြည်မြို့တွင် အမျိုးသမီး တစ်ဦး အသတ်ခံရကာ ငွေ သိန်း ၅၀ လုယက်သွား၊ ရန်ကုန်တွင်လည်း ပစ္စည်းလုယက်မှုနှင့်ခိုးမှုများ အဆမတန်မြင့်တက်

ရန်ကုန်၊ ဇွန် ၉

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် နီနီလွင် ရွှေဆိုင်ပိုင်ရှင်ကို ဓားပြတိုက်သူများက ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် မန္တလေးတိုင်း၊ မြင်းခြံမြို၊ အမှတ် ၇ ရပ်ကွက်၊စည်ပင်သာယာစျေးကြီးမြောက်ဘက်ရှိ “နီနီလွင်”ရွှေဆိုင်ကို သေနတ်သမား ၄ ဦးက ဓားပြတိုက်ရန် လာရောက်ရာ ဆိုင်ရှင်က တံခါး ဖွင့်မပေးသဖြင့် တံခါးကြားထဲမှ သေနတ်ဖြင့် ပစ်ခတ်ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် နီနီလွင် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဦးဇော်နိုင်ထွန်းမှာ ကျည်ထိမှန် သေဆုံးကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ပဲခူးတိုင်း၊ပြည်မြို့၊ အောင်ဆန်းပြည်သာယာရပ်ကွက် ၃ လမ်းထိပ် ၊ ဟိုတယ်ခေတ္တရာအနီးရှိ နေအိမ်တွင်အမျိုးသမီး တစ်ဦးကို သတ်၍ နေအိမ်အတွင်မှပစ္စည်းများနှင့် ငွေကျပ် သိန်း ၅၀ ကို ယူဆောင်သွားသည့် လူသတ်မှုဖြစ်ပွားကြောင်း သိရှိရသည်။

“အမျိုးသမီးကို သတ်ပြီး ငွေကျပ် သိန်း ၅၀ ယူသွားတယ်။ တရားခံတော့ မမိသေးပါဘူး” ဟု ပြည်မြို့ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် ရန်ကုန်မြို့တွင်လည်း ဓားထောက်လုယက်မှုများ၊ ခိုးမှုများနှင့် လူသတ်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရှိရသည်။

လွန်ခဲ့သည့်ရက်ပိုင်းအတွင်း စမ်းချောင်းမြို့နယ်၊ မြင့်မိုရ်လမ်းနှင့် မင်းလမ်းအကူး လမ်းသွယ်အတွင်းတွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့် ထိုး၍ ဖုန်းနှင့်ငွေများ လုယက်သွားကြောင်း သိရှိရသည်။

“အခုက လုယက်မှုတွေ၊ ခိုးမှုတွေကတော့ ပြောမနေနဲ့ တအားကိုဖြစ်နေတာ။ မီးတွေကလည်း ညပိုင်းဆိုရင် ပျက်နေတော့ အဲဒီလို ရာဇဝတ်မှုတွေက ဒုနဲ့ဒေးကို ဖြစ်နေတာ။ တက္ကစီသမားတွေလည်း ပျောက်တယ်လို့ သတင်းထွက်ပြီး ရင် မကြာခင် အလောင်းတွေ့ရတာပဲ။ စစ်ခွေးတွေ လက်ထက်မှာ တကယ့်ကို ခေတ်ပျက်ကြီးပဲ။ ရဲတွေကလည်း ငွေညှစ်ဖို့ကလွဲရင် စခန်းထဲက မထွက်ရဲဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့တွင် ည ၈ နာရီဝန်းကျင်ဆိုလျှင် လမ်းမကြီးများတွင် လူသူ ကင်းရှင်းသွားပြီး ကားအသွားအလာ ကင်းမဲ့သွားကြောင်း၊ မြို့ပြ လူထုမှာ အပြင်ထွက်သူ နည်းပါးသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article