29 C
Yangon

ယင်းမာပင်၊ လည်ငေါက်ရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာ ရသူများပြား

Must read

ယင်းမာပင်၊ လည်ငေါက်ရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာ ရသူများပြား

ရန်ကုန်၊ ဇွန် ၉

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာအနီး တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း Chindwin Toe Na Yar PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဇွန်လ ၉ ရက်နေ့ နံနက် ၅ နာရီ ၅ မိနစ်ခန့်တွင် ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာမှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အမှတ် ၉ ဆည်မြောင်း၌ Chindwin Toe Na Yar PDF တပ်ဖွဲ့မှ စတင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ကို တစ်ဖက်ပွင့်မိုင်းများဆွဲပြီး စနိုက်ပါ၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းတော့ မသိရှိရသေးပါဘူး။ လက်ရှိ စစ်ခွေး စစ်ကြောင်းက မုန်ကြိုင်းရွာ ဘုန်ကြီးကျောင်းမှာရှိနေပါတယ်။ ထိခိုက်ဒဏ်ရာရရှိတာ ၉ ဦးထက်မနည်းရှိတယ်။ ဒဏ်ရာရ စစ်ခွေးတွေကို ထမ်းသွားတာမြင်ရတယ်” ဟု Chindwin Toe Na Yar PDF မှ တာဝန်ရှိသူတစ်ဦးက​ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article