27 C
Yangon

ကျောက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေးလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲခံရသဖြင့် မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးသေဆုံး

Must read

ကျောက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေးလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲခံရသဖြင့် မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးသေဆုံး

ရန်ကုန်၊ ဇွန် ၉

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် စစ်ကောင်စီက ဌာနဆိုင်ရာ အစည်းအဝေးပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲချသဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယနေ့ဇွန်လ ၉ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က အဆိုပါရုံး၌ မြို့နယ်အဆင့်ဌာနဆိုင်ရာအစည်း အဝေးလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲခံရခြင်းဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး သေဆုံးခဲ့ကြောင်း၊ ကျောက်ကြီးမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးနီဌေးမှာ ညာပေါင်၊ နောက်ကျောတို့တွင် ဗုံးစထိမှန်ဒဏ်ရာဒဏ်ရာနှင့် အခြားဝန်ထမ်း တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျောက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာမြို့နယ်အဆင့် ဌာနဆိုင်ရာ အစည်းအဝေးလုပ်နေ တုန်း ဗုံးကျဲတာ၊ မြို့နယ်မီးသတ်ဦးစီးမှူးနဲ့ ဝန်ထမ်းတစ်ဦးဒဏ်ရာရတယ်၊ စိုက်ပျိုးရေးမှူး တစ်ဦးသေတယ်၊ ဒဏ်ရာရသူတွေကို ကျောက်ကြီးဆေးရုံကို ပို့ထားပါတယ်”ဟု ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ သတင်းရင်းမြစ်က ပြောဆိုသည်။

ကျောက်ကြီးမြို့နယ်တွင် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ အဓိက စိုးမိုးထားသော နယ်မြေဖြစ်ပြီး မြို့တွင်းမှ လွဲ၍ ကျန်ဧရိယာအားလုံးမှာ တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားသော ဒေသဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article