27 C
Yangon

ကြာအင်းဆိပ်ကြီးတွင် “သတ္တိရှိရင် ပြန်လာခဲ့”ဟု စိန်ခေါ်သည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံး

Must read

ကြာအင်းဆိပ်ကြီးတွင် “သတ္တိရှိရင် ပြန်လာခဲ့”ဟု စိန်ခေါ်သည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၉

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးတွင် “သတ္တိရှိရင် ပြန်လာခဲ့”ဟု စိန်ခေါ်သည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံးကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၇ ရက်နေ့ ည ၁ ၂ နာရီ အချိန် နှင့် ဇွန်လ ၈ ရက်နေ့ ည ၇ နာရီ အချိန်တို့တွင် KNLAနှင့် Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်တပ်များ တပ်စွဲထားသော ကြာအင်းဆိပ်ကြီးမြို့နယ်ခန်းမ နှင့် လ၀ကရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲရာတွင် ၈၁ မမ ဗုံးသီးများကို အသုံးပြုခဲ့ကြောင်း သိရှိရသည်။

ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဇမိခန်းမနှင့် မြို့နယ်လဝကရုံး အဆောက်အအုံများ ပျက်စီးသွားပြီး စစ်သား ၂ ဦး သေဆုံးကာ ၅ ဦးခန့် ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ ဟိုရက်က ဆိပ်ကြီးမှာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ စကစတွေဘက်က သတ္တိရှိရင် ဆိပ်ကြီး ပြန်လာခဲ့လို့ အသံတွေ ထွက်လာတယ်။ သတ္တိရှိလို့ ၈၁ မမဗုံးသီး ၄ လုံး လက်ဆောင် သွားပို့ပေးလိုက်တယ်။ မြိန်သွားပြီ ထင်ပါတယ်” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုအပြီးတွင် စစ်တပ်က ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမဗုံးသီးတွေ သုံးပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်နှင့် လက်ပါးစေ ဝန်ထမ်းများ ဒေသ ပြည်သူများအပေါ် ဥပဒေမဲ့ ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်မှုများ ရပ်တန့်ရန် ဆက်လက်တိုက်ခိုက်သွားမည်ဟု Cloud Wings ဒရုန်းတပ်ဖွဲ့၊ တာဝန်ခံ ကိုငြိမ်းက ပြောဆိုသည်။

မေလ ၂၇ ရက်နေ့မှစတင်၍ ကြာအင်းဆိပ်ကြီးမြို့ ရှိ အကြမ်းဖက် စစ်ကောင်စီ ခလရ ၂၈၄ တပ်ရင်းဌာနချုပ်၊ မြို့နယ်ရဲစခန်း၊ ရဲဝန်ထမ်း လိုင်းခန်း၊ ရဲမြို့နယ်မှူးနေအိမ်၊ မြို့နယ်တရားရုံး၊ တရားသူကြီးနေအိမ် အပါအဝင် စစ်ရေးပစ်မှတ်များကို Cloud Wings ဒရုန်းတပ်ဖွဲ့က KNLA တပ်ဖွဲ့၊ SOF တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းပြီး တိုက်ခိုက်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article