27 C
Yangon

ဆားလင်းကြီး၊ ညောင်ပင်ကြီးရွာကို စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ

Must read

ဆားလင်းကြီး၊ ညောင်ပင်ကြီးရွာကို စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ ဇွန် ၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၉ ရက်နေ့ ညနေ ၄ နာရီ ကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ညောင်ပင်ကြီးရွာကို ရဟတ်ယာဥ်ဖြင့် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ပြီး အနီးအနား ကျေးရွာမှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” ဆားလင်းကြီးမြို့နယ် လေးကြောင်းတိုက်ခိုက် ခံနေရတယ်။ မုံရွာမြို့ တစ် ဖက် ကမ်းကနေ မြင်နေရတယ်။ ရဟတ်ယာဥ်နဲ့ မြစ်အလယ်ခေါင်ကနေ ပစ်နေတာ ညောင်ပင်ကြီးရွာကို လက်နက်ကြီးသံတွေလည်း ကြားနေရတယ်။ အခု ကျောက်မျက်ရွာ ကနေ စစ်ကြောင်း ဆင်းလာနေပြီ ကြားနေရတယ်။ အခု ညောင် ပင်ကြီးအုပ်စု တောင်ပလူ ကျေးရွာ အုပ်စု မှာနေတဲ့ ပြည်သူတွေလည်း ပြေးနေရပြီ” ဟု ပြည်သူတစ်ဦး ကပြောဆိုသည်။

ဓာတ်ပုံ- ညောင်ပင်ကြီးကျေးရွာတွင် စစ်တပ်၏ ပစ်ခတ် မီးရှို့များကြောင့် ယနေ့ ညနေပိုင်း မီးလောင်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article