25 C
Yangon

ကြာအင်းဆိပ်ကြီးမြို့နယ်၊ နှစ်ကရင်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

ကြာအင်းဆိပ်ကြီးမြို့နယ်၊ နှစ်ကရင်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၁

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (ဝင်းရေးမြို့နယ်)ရှိ နှစ်ကရင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။

ဇွန်လ ၈ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ကြာအင်းဆိပ်ကြီးမြို့နယ် (ဝင်းရေးမြို့နယ်)ရှိ နှစ်ကရင်ကျေးရွာကို အကြမ်းဖက် စစ်တပ်၏ အမတ ၃၁၇ က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ရာ နှစ်ကရင်ကျေးရွာနေ အသက် ၂၉ နှစ်အရွယ် မသန်းအေး လက်နက်ကြီး ကျည်စထိမှန်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၉ ရက်နေ့ ည ၁၁ နာရီခန့်ကလည်း အမတ ၃၁၇ က နှစ်ကရင် ကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်ခဲ့ရာ နှစ်ကရင်ကျေးရွာနေ အသက် ၃၆ နှစ်အရွယ် ဦးခေါင်းကြီး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် ကျူးလွန်လျက်ရှိနေသော စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အပြစ်မဲ့ ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်များသည် နေ့စဥ်နှင့်အမျှ ဆုံးရှုံးနေကြရပြီး စိုးရိမ်ထိတ်လန့်စွာဖြင့် အသက်ရှင်နေထိုင်နေရကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article