ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား
ရန်ကုန်၊ ဇွန် ၁၁
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း Earthquake People’s Defence Force(ပခုက္ကူ ပကဖ)ထံမှ သိရသည်။
ယနေ့ ဇွန်လ ၁၁ ရက် နံနက် ၃ နာရီခန့်က စတင်ပြီး အရှေ့ဘုန်းကန်ကျေးရွာရှိ အကြမ်းတပ်စခန်းများရှိ ရာနေရာများကို စခန်းသိမ်းနိုင်သည်အထိ တိုက်ခိုက်နိုင်ရန် ချဉ်းကပ်ခဲ့ရာ နံနက် ၅ နာရီတွင် စတင်တိုက် ခိုက်ခဲ့ရာ နံနက် ၆ နာရီခန့်အထိကြာမြင့်ခဲ့ပြီး စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သား များကို ဝင်ရောက်ပစ်ခတ်နိုင်ခဲ့သော်လည်း ပခုက္ကူမြို့စက်မှုဇုန်မှ စစ်ကူလာသဖြင့် ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဆက်လက်သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားအများအပြား ထိခိုက်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်( PDF) ရဲဘော်တစ်ဦးကျဆုံးကာ ပြည်လည်ဆုတ်ခွာခဲ့ရကြောင်း၊ အကြမ်းဖက်စစ်သား ထိခိုက်သေ ဆုံးမှု စာရင်းကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Earthquake People’s Defence Force ၊ မြိုင် ( ပကဖ) တပ်ရင်း ၂ တပ်ခွဲ ၁ ၊ Middle Revolution Task Force-MRTF ၊ King Cobra၊ Royal Defense Force ၊ ကျေးလက်ဒေသ ပြောက် ကျားတပ်ဖွဲ့-မြိုင်၊ PKU N PDF နှင့်ပခုက္ကူ ခရိုင်းတပ်ရင်း ၂ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။