27 C
Yangon

မြင်းခြံတွင် ဆိုင်ကယ်စီးလာသည့် စစ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး လုံးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ

Must read

မြင်းခြံတွင် ဆိုင်ကယ်စီးလာသည့် စစ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး လုံးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၁၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကြည်ရွာမှ ဆီမီးခုံမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်လာသော အကြမ်းဖက်စစ် သား ၂ ဦးကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၂ ဦး လုံးသေဆုံးသွားပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၁၀ ရက် နေ့လည် ၁၁ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ ကြည်ရွာ၌ အထိုင်ချထားသော အကြမ်းဖက်စစ်တပ်မှ ဆီမီးခုံမြို့ဘက်သို့ ဆိုင်ကယ်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား ၂ ဦးကို လမ်းမှ စောင့်ကြိုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးစလုံးနေရာမှာပင်ပွဲချင်းပြီးသေဆုံးသွားပြီး MA 1 သေနတ် ၁ လက်၊ ၅ ဒသမ ၅၆ ကျည် ၁၆ တောင့်နှင့် ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အလောင်းတွေကိုတော့ မနေ့ညက ကြည်ရွာကနေ စစ်ခွေးတွေထွက်လာပြီး ဆီမီးခုံမြို့ကို သယ်သွား တယ်ဗျ၊ ဒီနေ့ မနက် ၅ နာရီလောက်ကလည်း ဆုံရွာဘက်က ပျူတွေ ကားအကြီး ၁ စီးနဲ့ ကြည်ရွာဘက် ကို ထွက်သွးတယ်၊ ဆီမီးခုံမြို့ထဲက စစ်ခွေးတွေလည်း ဆိုင်ကယ်တွေနဲ့ ကြည်ရွာဘက်ကို ထွက်သွား တယ်” ဟု နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၆ တပ်ခွဲ ၁ နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF ရဲ ဘော်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြင်းခြံခရိုင်အတွင်း စစ်ရေးအရှိန်မြှင့်တင်သွားမည်ဖြစ်သဖြင့် မိဘ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူများနှင့် အနီးကပ်နေထိုင်ခြင်း မပြုကြရန် အထူး မေတ္တာ ရပ်ခံထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article