29.2 C
Yangon

မိုးဗြဲမြို့တွင်း တိုက်ပွဲ၌ စစ်တပ်ဘက်မှ စစ်သား ၂၀ သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၄ ဦးကျဆုံး

Must read

မိုးဗြဲမြို့တွင်း တိုက်ပွဲ၌ စစ်တပ်ဘက်မှ စစ်သား ၂၀ သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၄ ဦးကျဆုံး

ရန်ကုန်၊ ဇွန် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင်းတိုက်ပွဲ၌ အကြမ်းဖက် စစ်သား ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း မိုးဗြဲ PDF မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၁၁ ရက် နံနက်ပိုင်းမှ ညနေပိုင်းအထိ မိုးဗြဲမြို့တွင်းသို့ တာဝေးပစ် လက်နက်ကြီး အလုံး ၁၀၀ ကျော် ပစ်ခတ်ပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ် သားများကို ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ထက်မနည်း သေဆုံးပြီး ထိခိုက် ဒဏ်ရာ ရသူအချို့ ရှိကြောင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှ ရဲဘော် ၁ ဦး၊ ကရင်နီအမျိုးသား များကာကွယ် ရေးတပ် (KNDF B-03) မှ ရဲဘော် ၂ ဦး နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF) မှ ရဲဘော် ၁ ဦး တို့ ဖက် ဒရယ် ဒီမိုကရေစီတော်လှန်ရေးတွင် တိုင်းပြည်အတွက် မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။

“ဒီနေ့တိုက်ပွဲဖြစ်တာပါ၊ မနက်ကနေ ညနေအထိဖြစ်တာ၊ လေယာဉ်နဲ့ ပစ်တာတော့မရှိပါဘူး” ဟု မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁၀၀၁ မိုးဗြဲပြည်သူ့ကာကွယ် ရေးတပ် (MBPDF B-01)၊ ကရင်နီအမျိုး သား များကာကွယ်ရေးတပ် (KNDF B-03) နှင့် မြို့ပြတော် လှန်ရေးတပ်ဦး (URF)တို့ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျဆုံးရဲဘော် ၄ ဦးကို အလေးနီပြုပါကြောင်း၊ တိုက်ပွဲအတွင်း ဒဏ်ရာရရှိသော ရဲ ဘော် ၃ ဦးကို စနစ်တကျဆေးကုမှုပေးထားကြောင်း သိရသည်။

မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်သားများနှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တို့ကြား စစ်ရေး အခြေအနေတင်းမာလျက်ရှိနေပြီး မိဘပြည်သူများအနေဖြင့် တိုက်ပွဲများဖြစ်ပွားရာနေရာများနှင့် အနီး တစ်ဝိုက်သို့ အသွားအလာများ မပြုလုပ်ကြရန်နှင့် မိုးဗြဲ-ပီကင်း လမ်းကိုဖြတ်သန်းသွားလာခြင်း မပြု လုပ် ကြရန် အမှတ် ၁၀၀၁ ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က သတိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article