32 C
Yangon

ကန့်ဘလူရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၈ လုံးပြာကျပြီး ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ၊ ဆားလင်းကြီးတွင် စစ်ဘေးရှောင်ရင်း အဖွားအို ၂ ဦး အမောဖောက်ပြီး သေဆုံး

Must read

ကန့်ဘလူရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၈ လုံးပြာကျပြီး ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ၊ ဆားလင်းကြီးတွင် စစ်ဘေးရှောင်ရင်း အဖွားအို ၂ ဦး အမောဖောက်ပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၁၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတို့တွင် ဝင်ရောက် မီးရှို့‌ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၄၈ လုံးပြာကျခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများထံမှ သိရသည်။

ထန်းကုန်းတိုက်နယ်အတွင်းရှိ ဘိုတဲကုန်းရွာကို ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ထန်းကုန်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ပျူစောထီးစုပေါင်းအင်အား ၁၀၀ ခန့်က အကြမ်းဖက် ပစ်ခတ်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ပြည်သူပိုင်နေအိမ်အလုံး ၂၀ မီးလောင်ပြာကျ ပျက်စီး ဆုံးရှုံးခဲ့ကြောင်းသိရသည်။

ထို့ပြင် ဇွန်လ ၁၁ ရက်နေ့မနက် ၈ နာရီ ၃၀ မိနစ်တွင် ချပ်သင်းတိုက်နယ်အတွင်းရှိ ပေကုန်းရွာကို ဇင်းအထိုင်မှ ထွက်လာသည့် ခမရ -၃၆၁နှင့် ပျူစောထီးစုပေါင်းအင်အား ၁၄၀ ခန့်မှ အကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့၍ ပြည်သူပိုင်နေအိမ် ၂၈ လုံးနှင့် စပါးတိုက် ၁၅ လုံးမီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းသိရပြီးနောက် ယင်းစစ်ကြောင်းသည် ဇင်းအထိုင်သို့ ပြန်လည်ဝင်ရောက်သွားကြောင်း ကျွန်လှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ ပြောကြားသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ချပ်သင်းတိုက်နယ်အတွင်းရှိ ဇင်းရွာနှင့် အနီးအနားကျေးရွာများအပြင် ထန်းကုန်းတိုက်နယ်အတွင်းရှိ ဘိုတဲကုန်းနှင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူ ၁၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်

ထို့ပြင် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီး ကျေးရွာအုပ်စုကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရ​ပြီး ဇွန်လ ၁၁ ရက်နေ့တွင် စစ်ဘေးရှောင် အဖွားအို ၂ ဦး အမောဖောက်ကာ သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article