29 C
Yangon

ညောင်ပင်ကြီးရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေ

Must read

ညောင်ပင်ကြီးရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေ

ရန်ကုန်၊ ဇွန် ၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းမီးတင်ရှို့နေကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၉ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်က စတင်ကာ အကြမ်းဖက် စစ်တပ်က ညောင်ပင်ကြီးရွာ အမှတ် ၃ နှင့် အမှတ် ၄ ရပ်ကွက်ကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ယနေ့ ညနေပိုင်း၌လည်း ကျေးရွာတွင်းကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“ရွာထဲမှာ စစ်ခွေးတွေက တပ်စွဲပြီးကို ရှို့နေတာ ထန်းတောအလယ်ဆိပ် ညောင်ပင်ကြီး အမှတ် ၃ ရပ်ကွက်ကို ရှို့တာ” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Photo – အညာပစ်တိုင်းထောင်လေးများအဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article