24 C
Yangon

မိုးဗြဲမြို့တွင် စစ်တပ်က အမျိုးသမီး ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်မှု အပါ အဝင် ပြည်သူ ၁၆ ဦး သတ်ဖြတ်ခဲ့၊ လွိုင်လင်လေးတွင် စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စျေးဆိုင်များ မီးလောင်ပြာကျ

Must read

မိုးဗြဲမြို့တွင် စစ်တပ်က အမျိုးသမီး ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်မှု အပါ အဝင် ပြည်သူ ၁၆ ဦး သတ်ဖြတ်ခဲ့၊ လွိုင်လင်လေးတွင် စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စျေးဆိုင်များ မီးလောင်ပြာကျ

ရန်ကုန်၊ ဇွန် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ်အတွင်းသို့ အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်၊ လက်နက် ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်လျက်ရှိရာ အမျိုးသမီး ၂ ဦးကို စစ်သားများက မုဒိမ်းကျင့် သတ်ဖြတ်မှု အပါအဝင် ပြည်သူ ၁၆ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မေလ ၂၇ ရက်နေ့မှ စတင်ပြီး မိုးဗြဲမြို့တွင်းသို့ အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ ပြင်းထန်ကာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု များပြားသောကြောင့် တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ လက်နက်ကြီးများဖြင့် အဆမတန် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြည်သူ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၅ ဦးသေဆုံးကာ ယင်းသေဆုံးသူ များထဲတွင် ကလေးငယ် ၃ ဦးပါဝင်ကြောင်း၊ ထို့ပြင် အမျိုးသမီး ၂ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း၊ စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ ၉ ရက်နေ့ မိုးဗြဲမြို့နယ် စည်ကား ၂ ရပ်ကွက်တွင် အမျိုးသမီး ၂ ဦးနှင့် ၎င်းတို့၏ ဖခင် ရုပ်အလောင်း ၃ လောင်း တွေ့ရှိခဲ့ရပြီး ယင်းတို့ထဲတွင် အမျိုးသမီး ၂ ဦးမှာ စစ်သားများ၏ မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကို ခံထားရကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

“အလောင်း ၃ လောင်း ရတယ်။ အမျိုးသမီး ၂ ဦးအလောင်းကတော့ မုဒိမ်းကျင့်ထားတယ်လို့ ပြောတယ်။ အဓိက အဲဒီနေရာတွေက စစ်သားတွေနဲ့ စစ်တပ်တွေ အထိုင်ချသွားတဲ့နေရာတွေပါ” ဟု မိုးဗြဲဒေသသတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ဇွန်လ ၈ ရက်နေ့တွင်လည်း မိုးဗြဲမြို့နယ်၊ စည်ကား ၂ ရပ်ကွက်တွင် ပိတ်မိနေခဲ့သော ညီအစ်ကို ၂ ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ ဇွန် လ ၉ ရက်နေ့အထိ ကောက်ခံရရှိထားသော စာရင်းများအရ ပြည်သူ ၁၃ ဦးထက်မနည်းကို စစ်တပ်က ရက်ရက်စက်စက် ခဲ့ကြောင်း၊ မိုးဗြဲမြို့နေ ပြည်သူများအနေဖြင့် မိမိ၏လုံခြုံရေးကို အထူးဂရုပြုပေးကြရန်၊ ဒေသကာ ကွယ်ရေးတပ်များ၏ ထုတ်ပြန်ကြေညာချက်များကို လိုက်နာကြရန် သတိပေးထားသည်။

အလားတူ ကယားပြည်နယ်၊ လွိုင်လင်လေးမြို့၊ ထီးစဲခါးရွာကို အကြမ်း ဖက် စစ်တပ်က ဇွန်လ ၈ ရက်နေ့ ည ၇ နာရီခွဲကျော်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရခဲ့​ပြီး ပြည်သူပိုင် ဆိုင်ခန်းများ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူပိုင် အိမ်ဆောက် ပစ္စည်းဆိုင် ပျက်စီးခဲ့ပြီး ငွေသား သိန်း ၁၃၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“လက်နက်ကြီး ၂ လုံးကျတယ် ဆိုင်ထဲကို။ ထုံးစံအတိုင်း ရမ်းသမ်း ပစ်ခတ်တာပေါ့။ ဇွန်လ ၈ ရက်နေ့ ည ၇ နာရီ ခွဲကျော်လောက်မှာ ဖြစ်ပါတယ်။ ဆိုင်ရှင်တစ်ဦးပဲ အထိအခိုက်ရှိပါတယ်” ဟု KamLatt Kayah IDPs Assistance Network မှ တာဝန်ရှိသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article