29 C
Yangon

မုံရွာ နမခတိုင်းစစ်ဌာနချုပ် နှင့် အနီးဆုံးတွင်ရှိနေသည့် ညောင်ပင်ကြီးရဲစခန်းကို PDFများက တိုက်ခိုက်သိမ်းပိုက်၊ စစ်သားများ အရှင်ဖမ်းမိသူများရှိပြီး သေဆုံးသူများပြားကာ လက်နက်တချို့ သိမ်းဆည်းရရှိ

Must read

မုံရွာ နမခတိုင်းစစ်ဌာနချုပ် နှင့် အနီးဆုံးတွင်ရှိနေသည့် ညောင်ပင်ကြီးရဲစခန်းကို PDFများက တိုက်ခိုက်သိမ်းပိုက်၊ စစ်သားများ အရှင်ဖမ်းမိသူများရှိပြီး သေဆုံးသူများပြားကာ လက်နက်တချို့ သိမ်းဆည်းရရှိ

■ ညောင်ပင်ကြီးကျေးရွာကို ယမန်နေ့ည သန်းခေါင်းယံမှ ယခုနံနက်ပိုင်းအထိ စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့နေဆဲ

ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် အနီးစပ်ဆုံးတွင်ရှိနေသော ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းကို ဇွန်လ ၉ ရက်နေ့ ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတချို့က သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့အချို့၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ ညောင်ပင်ကြီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုအချို့က သိမ်းပိုက်နေစဉ် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပါရှိခဲ့​ကြောင်း သိရသည်။

” စခန်းတခုလုံး မီးရှို့လိုက်ပြီ​။ အားလုံးသိမ်းနိုင်ခဲ့တယ်။ အခုလောလောဆယ်ကတော့ ရန်သူ့ဘက်က အသေအပျောက်ကို မသိရသေးဘူး။ကျနော်တို့ဘက်ကလည်း ထိခိုက်မှုအချို့ရှိခဲ့တယ်။ နောက်ပြီး ရန်သူဘက်က လေကြောင်း ပစ်ကူပါပါလာတယ်။ကျနော်တို့အားလုံး ဆုတ်ခဲ့ပြီးပြီ ” အဆိုပါ တိုက်ပွဲတွင် ပါဝင်သူတစ်ဉီးက ပြောကြားသည်။

ညောင်ပင်ကြီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုအချို့က သိမ်းပိုက်လိုက်ပြီးနောက် မုံရွာဘက်ကနေ ချင်းတွင်းမြစ်ကို ဖြတ်ကူးပြီး ရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြား ဖြည့်ဆည်းလာခဲ့ကြောင်း သိရသည်။

ညောင်ပင်ကြီးစံပြကျေးရွာကို ရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူ့နေအိမ်များကို မီးရှို့နေပြီး နောက်ထပ်စစ်အင်အား ထပ်မံတိုးချဲ့လာခဲ့ကြောင်း ဆက်လက် သိရသည်။

ညောင်ပင်ကြီးစံပြကျေးရွာကို ရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြား ဖြည့်ဆည်းလာခဲ့မှုကြောင့် ရွာပေါင်း ၇ ရွာ ကျော်က ပြည်သူအများအပြားဟာ ညတွင်းချင်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရရှိထားသော သတင်းများအရ ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်သိမ်းပိုက်ရရှိမှုတွင် အရှင်ဖမ်းမိသူ ၃ ဦး ရှိပြီး လက်နက်များလည်း သိမ်းဆည်းရမိကြောင်း၊ စစ်ကောင်စီဘက်မှ အနည်းဆုံး ၁၀ ဦး ဝန်းကျင် သေဆုံးနိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ည သန်းခေါင်ယံမှ ယနေ့ နံနက်ပိုင်းအထိ စစ်တပ်က မီးတင်ရှို့နေသော ညောင်ပင်ကြီးကျေးရွာ မြင်ကွင်း။

Photo- အညာပစ်တိုင်းထောင်လေးများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article