27 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ် သားနှင့်ရဲ ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၇ လက်ရရှိ၊ PDF ရဲဘော် ၁ ဦးကျဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ယမန်နေ့ ညနေပိုင်း PDF တပ်များက တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်သားနှင့်ရဲ ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၇ လက်ရရှိကြောင်း Buffalo People Defense Force တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၉ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က မုံရွာမြို့အနောက်ဘက်ကမ်း၊ ဆားလင်းကြီးမြို့နယ်အပိုင် ညောင်ပင်ကြီးရဲစခန်းကို Buffalo People Defense Force နှင့် စစ်ကိုင်းပူးပေါင်းတပ်ဖွဲ့(ULF) တို့ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ စခန်းတစ်ခုလုံးမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ G3 သေနတ် ၄ လက်၊ MA သေနတ် ၁ လက်၊ စက်လက် ၁ လက်၊ ၇၉ ၁ လက် နှင့် လက်နက်ခဲယမ်း အ မြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ရဲစခန်းကို သိမ်းပြီး မီးရှို့ခဲ့တယ်၊ သိမ်းပြီးချိန်မှာ လေယာဉ်နဲ့ဂျက်ဖိုက်တာ ၂ စီးနဲ့ အပစ်ခံရတာ” ဟု Buffalo People Defense Force တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ကိုဝေယံ လင်း(ခေါ်) ရဲဖော်ဒိုလား ဝမ်းဗိုက်ကျည်ထိမှန်ကာ ကျဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းတပ်ပေါင်းစု(ULF) မှ ရဲဘော် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Buffalo People Defense Force တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ညောင်ပင်ကြီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုအချို့က သိမ်းပိုက်လိုက်ပြီးနောက် မုံရွာဘက်ကနေ ချင်းတွင်းမြစ်ကို ဖြတ်ကူးပြီး ရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြား ဖြည့်ဆည်းလာခဲ့ကြောင်း သိရသည်။

ညောင်ပင်ကြီးစံပြကျေးရွာကို ရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူ့နေအိမ်များကို မီးရှို့နေပြီး နောက်ထပ်စစ်အင်အား ထပ်မံတိုးချဲ့လာခဲ့ကြောင်း ဆက်လက် သိရသည်။

ညောင်ပင်ကြီးစံပြကျေးရွာကို ရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြား ဖြည့်ဆည်းလာခဲ့မှုကြောင့် ရွာပေါင်း ၇ ရွာ ကျော်မှ ပြည်သူအများအပြားသည် ညတွင်းချင်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article