26 C
Yangon

ကလေးမြို့၊ ရေလဲဦးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၍ ၁ ဦးထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်း ရေလဲဦးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ရေလဲဦးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦးသည် ဝမ်းဗိုက်ကို ကျည်စထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကာ ဒဏ်ရာရသူ အမျိုးသားမှာ အသက် ၃၄ အရွယ်ဖြစ်ပြီး နံရိုးထိမှန်ခဲ့၍ ဆေးကုသမှုခံယူနေရကြောင်း၊ လယ်ယာသုံး ပစ္စည်းများ လုပ်ငန်းသုံး ထွန်စက်များပါ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“အဲဒီနေ့က တိုက်ပွဲမရှိဘူး။ စစ်ခွေးတွေ မကြာမကြာ ခုလိုပဲ ဒကစ၊ အမတ၊ ထောက်ပို့၊ တောင်ဖီလာ ၊ GTC တပ်အထိုင်နေရာတွေကနေ လက်နက်ကြီးတွေနဲ့ ထုနေတာ စစ်ကြောင်းမရှိလည်း ကလေးမြောက်ပိုင်းတောင်ပိုင်းကို အမြဲထုနေတာ အမျိုးသားက ၃၄ နှစ် အဒေါ်ကြီးက ၅၀ နှစ် အဒေါ်ကြီးက ဆုံးသွားပြီ ယောက်ျားလေးက နံရိုးထိတာ ကုနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ဇင်းကလင်းရွာတွင် အထိုင်စခန်း လုပ်ဆောင်နေပြီး ဇင်းကလင်းရွာထိပ်တွင် သဲအိတ်များ ဘန်ကာများ တည်ဆောက် နေသောကြောင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရှိရသည်။

“ခုက ဇင်းကလင်းရွာမှာ အထိုင်စခန်းလာလုပ်တာ ခွေးတွေက ရွာထိပ်နားမှာ လုပ်နေတာ ခွေးတွေက ဘန်ကာတွေ သဲအိတ်တွေချ အိမ်ထဲတွေမှာလည်း ပြင်ထားတယ်။ အဲဒီမို့ ရှောင်ကြရတာ။ ဘယ်လောက်ရှောင်နေရလဲ အတိအကျ မပြောတတ်ဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article