26 C
Yangon

ရန်ကင်း၊ ကန်ဘဲ့ စည်ပင်ဝန်းအကြောင်း ရန်ကုန်ခေတ်သစ် မီဒီယာတွင် ဖော်ပြပြီးနောက် စစ်တပ်က ဝန်းထဲ၌ လုံခြုံရေးအတွက် အထိုင်ချ တပ်ဆွဲမည်ဟုဆို

Must read

ရန်ကင်း၊ ကန်ဘဲ့ စည်ပင်ဝန်းအကြောင်း ရန်ကုန်ခေတ်သစ် မီဒီယာတွင် ဖော်ပြပြီးနောက် စစ်တပ်က ဝန်းထဲ၌ လုံခြုံရေးအတွက် အထိုင်ချ တပ်ဆွဲမည်ဟုဆို

ရန်ကုန် ၊ ဇွန် ၁၀

ရန်ကုန်၊ ရန်ကင်းမြို့နယ်၊ ကန်ဘဲ့ စည်ပင်ဝန်းတွင် အကြမ်းဖက် စစ်တပ်က စစ်ဗိုလ်များနှင့် တိုက်ပွဲများ၌ ခြေ၊ လက်ဆုံးရှုံးခဲ့သည့် စစ်သားများကို နေရာပေးထားသည့် အကြောင်း ရန်ကုန်ခေတ်သစ် မီဒီယာတွင် သတင်းဖော်ပြပြီးနောက် စစ်တပ်က ဝန်းထဲ၌ လုံခြုံရေးအတွက် အထိုင်ချ တပ်ဆွဲသွားမည်ဟု သိရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စစ်တပ်မှ စစ်ဗိုလ်များနှင့် တိုက်ပွဲများ၌ ခြေ၊ လက်ဆုံးရှုံးခဲ့သည့် စစ်သားများ လိုင်းခန်းသို့ရောက်ရှိလာချိန်တွင် အိပ်ရာ၊ ဖျာလိပ်များနှင့် ရောက်လာကြခြင်းဖြစ်ပြီး နောက်ရက်များတွင် အောင်ပွဲခံနေကြကြောင်း၊ သတင်းပါရှိပြီးနောက် ဂိတ်ပေါက်များတွင် သေနတ်ကိုင် လုံခြုံရေးများချကာ စစ်တပ်က ဝန်းထဲ၌ အထိုင်ချ တပ်ဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ ကန်ဘဲ့စည်ပင်ဝန်းသို့ ဝင်ရောက်နိုင်သည့် ဂိတ်ပေါက် ၅ ခုရှိပြီး ဂိတ်ပေါက် နံပါတ် ၄ သည်တစ်နေကုန်ဖွင့်ကာ ည ၁၁ နာရီတွင် ပိတ်ကြောင်း၊ ဂိတ်ပေါက် နံပါတ် ၂ သည် နံနက် ၁၀ နာရီတွင် ဖွင့်ကာ ညနေ ၄ နာရီတွင် ပိတ်ကြောင်း၊ ကျန် ဂိတ်ပေါက်များကိုမူ အကုန်ပိတ်ထားပြီဖြစ်ကြောင်း သိရှိရသည်။

” ခေတ်သစ်ရဲ့သတင်းကြောင့် သူတို့စည်ပင်အသိုင်းအဝိုင်း အကုန် တုန်လှုပ်ခြောက်ခြားကုန်ကြတယ်။ ဝန်းထဲမှာလည်းမနေ့က ညထိ ဖုန်းတွေနဲ့ ဟိုနားလူတစ်စု ဒီနားလူတစ်စုနဲ့ အုံးအုံးထကုန်တယ်။ မနေ့ကည ၈ နာရီမှာ လုံခြုံရေးတွေ သန့်ရှင်းရေးတွေကို ဝန်းက ဗိုလ်မှူးက အစည်းအဝေး ခေါ်ထားပါတယ်။ နောက်ပြီး ရန်ကုန်မြို့တော်ဝန်ရဲ့ အရေးပေါ်အစည်းအဝေး ပြောကြားချက်အရ ဒီနေ့ကစပြီး ပါရမီ ဂုန်းကျော်တံတားဘက် မဉ္ဇူထိပ်မှာ စည်ပင်ဝန်းကိုအဝင် လက်နက်ကိုင် ရဲ၃ ယောက်ချမယ်လို့ပြောပါတယ်။ နောက်ရက်မှာ စစ်တပ် အထိုင်ချမယ် တပ်ဆွဲမယ်လို့ အတိအကျသတင်းရပါတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

အဆိုပါ စည်ပင်ဝန်းတွင် နေထိုင်သည့် စည်ပင်မှ Non CDM တချို့ကလည်း အကြမ်းဖက် စစ်တပ်က တပ်ဆွဲလျှင် စစ်သားများ မူးရူးနေသည်ကို ရှောင်ရှားရမည်ဖြစ်ပြီး ငွေကြေး ကောက်ခံမည်ကိုလည်း စိတ်ညစ်နေကြောင်း၊ ယင်းဝန်း၌ နေထိုင်သည့် စည်ပင်မှ ဗိုလ်မှူးများလည်း နံနက်ပိုင်းတွင် အပြေးလေ့ကျင့်မှုရှိသော်လည်း ယမန်နေ့က စတင်ပြီး အပြင်ထွက်ခြင်း မရှိတော့ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article