26 C
Yangon

ခင်ဦး၊ ရေအေးကုန်းရွာရှိ စာသင်ကျောင်းနှင့် နေအိမ် ၄ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ဆဲဆိုသော စာများ ရေးသားခဲ့ကာ နွား၊ သိုး အကောင် ၇၀ ကျော်ကို ခိုးယူသွား

Must read

ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရေအေးကုန်းရွာရှိ စာသင်ကျောင်းနှင့် နေအိမ် ၄ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး နွား၊ သိုး အကောင် ၇၀ ကျော်ကို ခိုးယူသွားကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၉ ရက်နေ့တွင် အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေအေးကုန်းရွာမှ သိုးနှစ်ကောင်နှင့် ဝက်တစ်ကောင်ကို သတ်စားပြီး ပြည်သူပိုင်နေအိမ် ၄လုံးနှင့် စာသင်ကျောင်းဆောင်တစ်လုံးအား မီးရှို့ဖျက်စီးခဲ့ကြောင်း၊ ရွာတွင်းရှိ နွားနှင့် သိုး အကောင် ၇၀ ကျော် ခိုးယူ၍ ဖိုလ်ကုန်းပျူစောထီးရွာသို့ မောင်းသွင်းသွားကြောင်း သိရသည်။

ထို့ပြင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်း၌ သံဘိုရွာတောင်ဘက်တွင် မိုင်းများမိကာ ထိခိုက်သေဆုံးများရှိခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို မိုင်းမထောင်ရန်နှင့် သေနတ်ချင်းယှဥ်ပစ်မည်ဟု စိန်ခေါ်ကာ ဆဲဆိုသည့်စာများကို ရေအေးကုန်းရွာတွင် ရေးသားခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

” စစ်ခွေးတွေက ရေအေးကုန်းရွာက သိုး ၂ ကောင်နဲ့ ဝက် ၁ ကောင်ကို သတ်စားပြီး ပြည်သူပိုင်နေအိမ် ၄လုံးနဲ့ စာသင်ကျောင်းဆောင် ၁ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ နွားနဲ့ သိုး အကောင် ၇၀ ကျော် ခိုးယူပြီး ဖိုလ်ကုန်းပျူရွာသို့ မောင်းသွားကြပါတယ်။ စစ်ခွေးတွေလည်း သံဘိုရွာတောင်ဘက်မှာ မိုင်းမိပြီး ထိခိုက်သေဆုံးတာတွေရှိတယ်။ PDF တပ်ဖွဲ့တွေကို မိုင်းမထောင်ဖိုနဲ့ သေနတ်ချင်းယှဥ်ပစ်ဖို့ စိန်ခေါ်တဲ့ ဆဲဆိုတဲ့စာတွေလည်း ရေအေးကုန်းရွာထဲမှာ ရေးထားခဲ့တယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article