26 C
Yangon

ညောင်ပင်ကြီးရွာကို စစ်တပ်က ၄ ကြိမ်မြောက် မီးတင်ရှို့နေ

Must read

ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးနေကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ညောင်ပင်ကြီးရွာကို ထပ်မံ မီးရှို့နေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ညောင်ပင်ကြီးရွာကို ဇွန်လ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်ကလည်း ကျေးရွာအတွင်း ၃ နေရာ ခွဲ၍ မီးရှို့ခဲ့ကြောင်း၊ ယနေ့ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်ကလည်း ညောင်ပင်ကြီး ရဲစခန်း အနီးရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဇွန်လ ၉ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်က ညောင်ပင်ကြီးရွာ ၃ ရပ်ကွက်နှင့် ၄ ရပ်ကွက်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” အခု မွန်းလွဲပိုင်း ထပ်ရှို့နေတယ် ဒီနေ့ ရှို့တာ ၃ ကြိမ်ရှိပြီး မနေ့က ညပိုင်းကလည်း ၁ ကြိမ်ရှို့တယ်။ ညောင်ပင်ကြီး သိမ်တော်ဘုန်းကြီးကျောင်းနားက အိမ်တွေမီးရှို့နေတာလို့ သိရတယ်။ သေနတ်ပစ်သံတချို့ ကြားနေရတယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Photo – အညာပစ်တိုင်းထောင်လေးများအဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article