29 C
Yangon

ခင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၁ ဦး သေဆုံး၊ ကန့်ဘလူတွင် ပျူစောထီးစခန်း ၂ ခုကို ဝင်ရောက် တိုက်ခိုက်မှု ၁၀ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၁ ဦးသေဆုံးကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေး သေမင်းတန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၉ မိနစ်ခန့်တွင် ခင်ဦးမြို့နယ်မှ ထွက်ခွာလာသော စစ်သားများသည် ဝါသဝ ပျူစောထီးအဖွဲ့များနှင့် ပူးပေါင်းကာ အင်အား ၃၅ ဦးကျော်ခန့်ဖြင့် ရေအေးကုန်းရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ဖျက်ဆီးပြီး ပြန်လည်ထွက်ခွာလာစဥ် ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” ရေအေးကုန်းရွာကို စစ်ခွေးတွေ မွှေနှောက်ဖျက်ဆီးပြီး ပြန်အထွက်မှာ တိုက်ပွဲဖြစ်တာ စစ်ခွေး ၁၁ ကောင်သေတယ်။ စစ်ခွေးတွေဘက်က 60 မမပြန်လည် ပစ်ခက်ခဲ့တာ ပြည်သူ ကာကွယ်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရတယ်” ဟု ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေး သေမင်းတန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ခင်ဉီးမြို့နယ် ပကဖ အဖွဲ့နှင့် အတူ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေး သေမင်းတန်တပ်ဖွဲ့၊ ရေနဂါးအဖွဲ့နှင့် တောကြီးကျားရိုင်းအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် ယောရွာနှင့်လယ်လှရွာတို့ရှိ ပျူစောထီး စခန်း များကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် ၁ ဦးအပါအဝင် ၁၀ ဦး ထက်မနည်း သေ ဆုံးပြီး PDF တစ်ဦးကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ် Infinity Group ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၉ ရက် ည ၁၁ နာရီခန့်စတင်ပြီး အဆိုပါပျူစောထီးစခန်းနှစ်ခုအား ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ည ၁၂ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာနေရာသို့ ကန့်ဘလူ မြို့၊ အမှတ် ၆၀၀၆ အမြောက်တပ်မှ ဟောင်ဝှစ်ဇာလက်နက်ကြီး ၃ လုံးထက်မနည်းကို ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း ဝါသဝ၏ တပည့်ရင်း အားအကိုးရဆုံးတပည့်ဖြစ်သူ ကံရိုးအုပ်စု ပျူစောထီးခေါင်း‌ ဆောင် ဌေးဝင်းအပါအဝင် ၁၀ ဦးထက်နည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း ကာဘိုင် အမျိုးအစား သေနတ် ၂ လက်နှင့် shotgun အမျိုးအစားသေနတ် ၁ လက်တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းပျူစောထီးစခန်းသို့ ညပိုင်းတွင် စစ်ကူလာသော အကြမ်း ဖက်စစ်သား၊ ပျူစောထီး ၈၀ ခန့်က ယနေ့ဇွန်လ ၁၀ ရက် နံနက်ပိုင်းတွင် ဘိုတဲကုန်းကျေးရွာကို မီးရှို့ ပြီး အလောင်းများနှင့် ဒဏ်ရာရ ပျူစောထီးများကို ကောက်ယူ၍ ပြန်ဆုတ်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article