29 C
Yangon

PNCC နဲ့ UWSA က မိုခါမုန်တိုင်းသင့်ပြည်သူတွေအတွက် ကျပ်သိန်းတစ်သောင်း AAထံသို့ လှူဒါန်း

Must read

ရန်ကုန်| ဇွန် ၁၀

မိုခါဆိုင်ကလုန်းမုန်တိုင်းဒါဏ်သင့် ရခိုင်ပြည်သူတွေကို အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အတွက် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ FPNCCရဲ့ ထည့်ဝင်လှူဒါန်း ငွေ ကျပ်သိန်း ၅၀၀၀နဲ့UWSA “ဝ” ပြည်နယ် ၊ ပြည်သူ့ အစိုးရက ထည့်ဝင်လှူဒါန်းငွေ ကျပ်သိန်း ၅၀၀၀ စုစုပေါင်း ကျပ်သိန်းတစ်သောင်းကို ဒီကနေ့ (ဇွန်လ ၁၀ရက်)မနက်ပိုင်းက MOCHA ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် အာရက္ခ အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ကော်မတီ (Cyclone Mocha ERRCA)ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

အလှူငွေတွေကို ဝပြည်နယ် ပန်ခမ်းမြို့မှာ ပေးအပ်ခဲ့တယ်လို့ သိရပြီး Cyclone Mocha ERRCA ကော်မတီ၊ ဥက္ကဋ္ဌ Dr.ညိုထွန်းအောင် နဲ့ Humanitarian and Development Coordination Office (HDCO) အကြီးအကဲ ဦးထွန်းမင်းနိုင်တို့က လက်ခံရယူခဲ့တယ်လို့လည်း သိရှိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article