28 C
Yangon

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် အကြမ်း ဖက် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်းBlack Wolf- Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၁၀ ရက်နေ့ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ ခမရ ၁၂ တပ်မှ အင်အား ၆၀ ခန့်ဖြင့် ထွက်လာသော စစ်ကြောင်းကို ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကြောင်း၊ အပြင်းအထန်ဒဏ်ရာရရှိသော စစ်သား ၃ ဦးကို မန္တလေးဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Black Wolf-Army ၊ တိုက်နယ် ပကဖ ၃ ၊ Who Am I – Army မဟာမိတ်တပ်ဖွဲ့တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆင်ရေး တိုက်ခိုက်ခဲ့သော Black Wolf-Army တပ်ဖွဲ့အနေဖြင့် စနိုက်ပါ သေနတ်ကို အကြွေးဖြင့် ဝယ်ယူထားပြီး အကြွေး ဆပ်ရန်ရှိနေကြောင်း၊ ထို့ကြောင့် အညာနွေ စနိုက်ပါကမ်းပိန်းတွင် ပြည်သူများ တတ်နိုင်သမျှဝိုင်းဝန်း ပူးပေါင်းကူညီပါဝင်ပေးကြရန်၊ သိန်း ၅၀၀ ရရှိရန် သတ်မှတ်ထားသော်လည်း လက်ရှိတွင် ရာခိုင်နှုန်းအနည်းငယ်သာရရှိသေးသဖြင့် ပြည်သူများ ပါဝင်ကြရန် မေတ္တာရပ်ခံပါကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article