24 C
Yangon

ညောင်ပင်ကြီးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးထိခိုက် ဒဏ်ရာရ၊ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၉ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ညောင်ပင်ကြီးကျေးရွာရှိ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောင် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး နေအိမ် တချို့ မီးလောင်ခဲ့ကြောင်း၊ ထို့ပြင် ဝမ်ပေါင်ဘက်၌ တပ်စွဲထားသော စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးသောကြောင့် ကျေးရွာ ၁၀ ကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရှိရသည်။

ဇွန်လ ၉ ရက်နေ့ ညပိုင်းတွင် မုံရွာမှ မော်တော်ဖြင့် အပြည့် တင်ဆောင်လာသော စစ်သားများသည် ညောင်ပင်ကြီးရွာ ရဲစခန်းအတွင်း အင်အားထပ်ဖြည့်တင်းကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ည၁၀ နာရီခန့်တွင် မြစ်ကမ်းဘေးရှိ နေအိမ်များကိုမီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၀ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ညောင်ပင်ကြီးစခန်း ပတ်လည်ရှိ နေအိမ်များကိုစတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ၉ နာရီ ၂၀ မိနစ်ခန့်တွင်ညောင်ပင်ကြီးရွာရှိ အမှတ် ၃၊ အမှတ် ၄ ရပ်ကွက်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် သိမ်တော်ရပ်ကွက်ကို ထပ်မံ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယနေ့ ညနေပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလျက်ရှိ ကင်းပုန်းများချကာ ညအိပ် တပ်စွဲထားကြောင်း သိရှိရသည်။

ဓာတ်ပုံ_AungKhantZaw

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article