26 C
Yangon

မြောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကြောင်း မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်း MHLGPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အင်အား ၆၀ ဝန်းကျင်​ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပရိမ္မရွာမှ ကျောက်ရစ်ရွာ ရဲစခန်းသို့ ပြန်လာစဥ် ဒေသကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

” ကျောက်ရစ်ရွာမှာ စခန်းချတဲ့ စစ်ခွေးတွေပါ ပရိမ္မရွာကနေ ကျောက်ရစ်ရွာကို ပြန်လာချိန် လမ်းမှာတိုက်ခိုက်ခဲ့တာပါ။ ဒီနေ့မှာတော့ စစ်ခွေးဘက်က ၂ လောင်း သဂြိုလ်တယ်လို့သိရပါတယ်။ ဒဏ်ရာရ စာရင်းတော့ မသိရသေးဘူး” ဟု မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်း MHLGPDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်း MHLGPDF ၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းနှင့် စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း MSPDF တို့က ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article