27 C
Yangon

မုံရွာမြို့၊ ညောင်ပင်သာရွာကို စစ်တပ်က ဝင်ရောက် စီးနင်း ပစ်ခတ်မှု ပြည်သူ ၁ ဦး ကျည်ထိမှန်ပြီး လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို မီးရှို့ဖျက်ဆီး

Must read

မုံရွာမြို့၊ ညောင်ပင်သာရွာကို စစ်တပ်က ဝင်ရောက် စီးနင်း ပစ်ခတ်မှု ပြည်သူ ၁ ဦး ကျည်ထိမှန်ပြီး လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက်အထွက်ရှိ ညောင်ပင်သာကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ် ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ရာ ပြည်သူအမျိုးသမီးဦး သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း Monywa Roads Information – MRI မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့ ဇွန်လ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်က မအူကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား ၃၀ ခန့်က ညောင်ပင်သာကျေးရွာအတွင်းသို့ ဝင်ရောက် ပစ်ခတ်စီးနင်းခဲ့ရာ အမျိုးသမီးတစ်ဦး ခြေထောက် ထိမှန်ဒဏ်ရာရရှိပြီး အခြားပြည်သူအချို့လည်း ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း၊ ရွာထိပ်ရှိလက်ဖက်ရည် ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“မအူကနေ ဆင်းလာတဲ့စစ်ကြောင်းလို့ သိရတယ်၊ ရွာထိပ်က လက်ရည်ဆိုင်ကို မီးရှို့ထားတာဗျ၊ မုံရွာမြို့ တောင်ဘက်ဆုံးရွာဗျ၊ မြို့အထွက်ခေါ်မှာပေါ့၊ ဖမ်းခံရသူရှိမရှိတော့ မကြားမိသေးဘူး၊ တခြားအိမ်တွေ မီးရှို့ခံရတာလဲ မကြားမိသေးဘူး၊ အခုထိ စစ်ခွေးတွေက ရှိနေတုန်းပဲ” ဟု Monywa Roads Information – MRI မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့ ဇွန်လ ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်မှ စ၍ မုံရွာမြို့တွင်း၌ အကြမ်းဖက်စစ်သားအများအပြားဖြင့် ကင်းလှည့်နေပြီး ရုံးကြီးရပ်ကွက်၊ ရွှေဖလားစတိုးဆိုင်ဝန်းကျင်တွင်လည်း ယောက်ျားလေးမှန်သမျှ စစ်ဆေးကာ အနီးအနားရှိ ဈေးဆိုင်များကိုလည်း ပိတ်ခိုင်းခဲ့ကြောင်း၊ အလားတူ ဘုရားကြီးရပ်ကွက်ရှိ ကုန်စုံဆိုင်၊ လူသုံးကုန်ပစ္စည်းများဆိုင်များကိုလည်း အတင်းဖိအားပေးကာ ပိတ်ခိုင်းခဲ့ကြောင်း သိရ သည်။

Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသည့် ကျေးရွာ တစ်ရွာအား တွေ့ရစဥ်(ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article