29 C
Yangon

ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ထမင်းကျွေးမွေး လှူဒါန်း

Must read

ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ထမင်းကျွေးမွေး လှူဒါန်း

ရန်ကုန်၊ ဇွန် ၁၂

ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများ အဖွဲ့က ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် ထမင်းကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။

အညာပစ်တိုင်းထောင်လေးများ အဖွဲ့က စစ်ဘေးရှောင်ပြည်သူ ၅၀၀ ကျော်ကို တတိယနေ့အဖြစ် ထမင်း ကျွေးမွေးလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ရှောင်တွေ အနေနဲ့ ရက်ရှည် စစ်ရှောင်ရတဲ့အနေထားမှာရှိနေပါတယ်။ စစ်ကောင်စီအနေနဲ့လည်း ဆက်တိုက်မီးရှို့နေပါတယ်။ ပြည်သူတွေမှာ စားရေးသောက်ရေးအတွက် အခက်ခဲဖြစ်နေပါတယ်။ လူဦးရေ ၅၀၀ အတွက်ထမင်းတစ်နပ်စာကို ၅ သိန်းဝန်းကျင် ကုန်ကျပါတယ်။ကျနော်တို့ အဖွဲ့အနေနဲ့လည်း နိုင်သလောက်ကူညီပေးနေပါတယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့ ဦးဆောင်သူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article