30 C
Yangon

တာမွေမြို့နယ် လျှပ်စစ်ရုံးအနီးတွင် ယနေ့ နံနက်အစောပိုင်း ဗုံးနှစ်ကြိမ် ပေါက်ကွဲ

Must read

တာမွေမြို့နယ် လျှပ်စစ်ရုံးအနီးတွင် ယနေ့ နံနက်အစောပိုင်း ဗုံးနှစ်ကြိမ် ပေါက်ကွဲ

ရန်ကုန်၊ ဇွန် ၁၃

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအနီးတွင် ယနေ့ နံနက်အစောပိုင်း ဗုံးနှစ်ကြိမ်ပေါက်ကွဲကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၃ ရက်နေ့ နံနက် ၀၀ နာရီ ၁၅ မိနစ်အချိန်နှင့် နံနက် ၀၀ နာရီ ၃၇ မိနစ်အချိန်တွင် ဗုံး ၂ ကြိမ်ပေါက်ကွဲပြီး ယင်းပေါက်ကွဲသံကို တာမွေမြို့နယ် ပြည်သူအများစု ကြားသိလိုက်ကြကြောင်း ၊ ဒေသပြည်သူတချို့၏ အဆိုအရ တာမွေမြို့နယ် လျှပ်စစ်ရုံးအနီးတွင် ဗုံးပေါက်ကွဲခြင်းဖြစ်သည်ဟု သိရှိရကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“ဗုံးက ၂ ခါပေါက်တာ။ အသံတော်တော်ကျယ်တယ်။ ဒီမနက် ၁၂ နာရီ ၁၅ မိနစ်ကတစ်ခါ၊ မနက် ၁၂ နာရီ ၃၇ မိနစ်ကတစ်ခါပေါက်တယ်။ ညက တိတ်ဆိတ်နေတော့ ဗုံးကွဲသံ အရမ်းကို ကျယ်လောင်ပါတယ်။ ဗုံးပေါက်တာ တစ်ခုနဲ့ တစ်ခု မိနစ် ၂၀ လောက်ခြားတယ်။ နောက်ဆုံးသိရတာက တာမွေ ဖိုးစိန်လမ်းက EPC ရုံးနားမှာ ပေါက်တာလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့တော်တစ်ဝန်းတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များက ကင်းလှည့်ခြင်း၊ ဧည့်စာရင်း စစ်ခြင်း၊ ကင်းပုန်းများ ချထားခြင်း အပါအဝင် လုံခြုံရေး တိုးမြှင့်ခြင်းများကို ယခင်ထက်ပိုမို၍ လုပ်ဆောင်လျက်ရှိကြောင်း ရန်ကုန်မြို့နေ ပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် တာမွေမြို့နယ် လျှပ်စစ်ရုံးအနီးတွင် ဗုံးပေါက်ကွဲစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article