33 C
Yangon

ကလေးမြို့၊ ထိုမာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် အချို့ ထိခိုက်ပျက်စီးပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ကလေးမြို့၊ ထိုမာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် အချို့ ထိခိုက်ပျက်စီးပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၁၃

စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ပိုင်းရှိ ထိုမာရွာကို ဇွန်လ ၁၂ ရက်နေ့ ညပိုင်း၌ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

“ရွာတောင်ဘက်ပိုင်းက ကြက်ခြံဝန်းထဲကျတာ။ အဲညတုန်းကဟာက ၂၂၈ ကထုတယ် ၃ ချက်လောက်။ ဒကစထဲကနေလည်း ထုတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖစ်စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြကြောင်း၊ လက်နက်ကြီးများမှာ ရွာတောင်ဘက်သို့ ၁ လုံး၊ မြောက်ဘက်ရွာစပ် ၁ လုံး၊ ရွာအရှေ့နားသို့ ၁လုံးနဲ့ ရွာတောင်ပိုင်းဘက်ကို ၁ လုံးကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး အခြားနေရာများသို့လည်း လက်နက်ကြီးများ ကျရောက်ခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီဝင်များ တပ်စွဲထားသည့် ဇင်းကလင်းရွာသို့လည်း တော်လှန်ရေးအဖွဲ့များက လက်နက်ကြီးဖြင့် ဇွန်လ ၁၂ ရက်နေ့ ညပိုင်းတွင် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article