34 C
Yangon

ဝက်လက်မြို့နယ်တွင် စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး၊ ပခုက္ကူတွင် စစ်တပ် ရိက္ခာပို့ ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ဝက်လက်မြို့နယ်တွင် စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး၊ ပခုက္ကူတွင် စစ်တပ် ရိက္ခာပို့ ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၃

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းမြို့ဟောင်းအတွင်း အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း 96 Soldiers – PDF အညာဒေသတပ်ခွဲ ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၁၂ ရက် နံနက် ၅ နာရီခွဲခန့်က အဆိုပါ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဝင် ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို MDF-Shwebo တပ်ဖွဲ့၊ ဒုံးပျံတပ်ဖွဲ့တို့နှင့်အတူ 96 Soldiers-PDF မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့မှ ကမ္မမြို့သို့ ရိက္ခာပို့ အကြမ်းဖက်စစ်ကားများကို အသွားအပြန် မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ကား ၄ စီးပျက်စီးခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ – PPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ဇွန်လ ၁၂ ရက် ညနေ ၃ နာရီခန့်က ပခုက္ကူမြို့မှ ကမ္မမြို့သို့သွားသော အကြမ်းဖက်စစ်သား များနှင့် ရိက္ခာများ တင်ဆောင်ထားသည့် ဖောကား ၃ စီးကို ပဒေသာမိုင်း ၄ လုံးပွိုင့် တစ်ပွိုင့်ဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကာ ကား တစ်စီးပျက်စီးခဲ့ ကြောင်း သိရသည်။

“အသွားတုန်းက ဖောကား ကား ၃ စီး အဲဒီထဲက တစ်စီးက မောင်းမရအောင်ပျက်သွားတော့ ညနေ အပြန်မှာ ပျက်သွားတဲ့ကားကို တင်လာခဲ့တယ်၊ မိုင်းရှိတဲ့နေရာတွေကို စစ်ခွေးတွေက ရမ်းပစ်တာတွေ ရှိတယ်၊ ညနေက ကား ၆ စီးနဲ့ပြန်လာတာ၊ အင်အား ၈၀ လောက်ရှိတယ်”ဟု ပခုက္ကူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ – PPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ည ၇ နာရီခန့်တွင် ကမ္မမြို့မှ ပခုက္ကူမြို့သို့ ရိက္ခာပို့ပြီးပြန်လာသော အကြမ်းဖက်စစ်ကား ၇ စီးကို ပဒေ သာမိုင်း ၅ ပွိုင့်တစ်ပွိုင့်၊ ၃ လုံးပွိုင့် တစ်ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကား ၃ စီးပျက်စီးခဲ့ ကြောင်း၊ အဆိုပါတိုက်ခိုက်မှု ၂ ကြိမ်လုံးကို ပခုက္ကူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ – PPDF တပ်ဖွဲ့မှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article