30 C
Yangon

ခင်ဦး၊ ကန်သစ်ရွာကို စစ်တပ်က ၅ ကြိမ်မြောက် မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ခင်ဦး၊ ကန်သစ်ရွာကို စစ်တပ်က ၅ ကြိမ်မြောက် မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၁၄

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကန်သစ်ရွာကို အကြမ်းဖက် စစ်တပ်က ၅ ကြိမ်မြောက် ဝင်ရောက် စီးနင်း မီးရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကန်သစ်ရွာကို ၅ ကြိမ်မြောက် ဝင်ရောက် စီးနင်း မီးရှို့နေပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေ​ရကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအဝင်၌ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“ခင်ဦး၊ ကန်သစ်ကျေးရွာကို စစ်ခွေးတွေ အခုမီးတင်ရှို့နေတယ်။ တစ်ရွာလုံး ထွက်ပြေးနေရတယ်။ ပြည်သူတွေကတော့ အထိအခိုက်မရှိလောက်ဘူး။ သက်သက် ဝင်ရှို့တာ အခုဆို ၅ ကြိမ်မြောက်ရှိပြီ ဒီတစ်ခါဆို အကုန် ကုန်လောက်ပြီ စစ်ခွေး စစ်ကြောင်း ရွာအဝင်မှာ မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ကန်သစ်ရွာသည် နေအိမ် ၅၀၀ ကျော်ခန့်ရှိသော ကျေးရွာဖြစ်ပြီး ပြည်သူ ထောင်နှင့်ချီနေထိုင်ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်ရှိချိန်ထိ ကျေးရွာတွင်း၌ တပ်စွဲထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article