29 C
Yangon

ရေးမြို့ရှိ ရွှေလဝန်း ရွှေဆိုင်ကို ပျူစောထီးများ ဝင်ရောက် ဓားပြ တိုက်ခဲ့ပြီး သိန်း ၈၀၀ ကျော် တန်ဖိုးရှိ ရွှေထည် ပစ္စည်းများကို ယူဆောင်သွားဟုဆို

Must read

ရေးမြို့ရှိ ရွှေလဝန်း ရွှေဆိုင်ကို ပျူစောထီးများ ဝင်ရောက် ဓားပြ တိုက်ခဲ့ပြီး သိန်း ၈၀၀ ကျော် တန်ဖိုးရှိ ရွှေထည် ပစ္စည်းများကို ယူဆောင်သွားဟုဆို

ရန်ကုန်၊ ဇွန် ၁၄

မွန်ပြည်နယ်၊ ရေးမြို့၊ ဝင်းသုခရွှေစျေးမှ ရွှေလဝန်းအမည်ရ ရွှေဆိုင်ကို ဇွန်လ ၁၃ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ပျူစောထီးများက ဓားပြတိုက်ခဲ့ပြီး သိန်း ၈၀၀ ကျော် ရွှေထည်ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ရေးမြို့သည် စစ်အုပ်ချုပ်ရေး ကြေညာထားရသည့် မြို့ဖြစ်ပြီး ပြည်သူများမှ နံနက် ၆ နာရီ ညနေ ၆ နာရီအတွင်း အပြင်မထွက်ရ အမိန့်ကြေညာခံထားရသော မြို့ဖြစ်သော်လည်း ဓားပြတိုက်ရာတွင် အသုံးပြုသည့် ခဲရောင် နံပါတ်ပြားသော မပါ ကားမှာ နံနက် ၃ နာရီအချိန်ကတည်းက ရေးမြို့ကို ပတ်၍ မောင်းနှင်နေခြင်းဖြစ်ကြောင်း သိရသည်။

“အခုဆို ရေးမြို့ကပြည်သူတွေဟာ ကျီးလန့်စာ စားနေရပါတယ်။ အခုလည်းနယ်တွေဘက်မှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့မဟုတ်တဲ့ ဘာအဖွဲ့မှန်းမသိတဲ့ လူတစ်စုက သေနတ်ပြ ငွေတောင်းနေရတာ လုံးဝစိတ်ပျက်စရာပါ။ စစ်တပ်၊ ရဲ နဲ့ နီးစပ်တဲ့ ပျူစောထီးတွေပါပဲ” ဟု ဒေသပြည်သူတစ်ဦးက ဓားပြတိုက်ခံရမှုနှင့် ပတ်သက်၍ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

ဓားပြတိုက်ခံရသည့် ရွှေဆိုင်မှ တန်ကြေး သိန်း ၈၀၀ ကျော် ပါသွားပြီ နံနက်ပိုင်း ရွှေဆိုင် ဖွင့်ရန် ပြင်ဆင်နေစဉ် ခဲရောင်ကြားတစ်စီး နံပါတ်ပြားမပါသော ကားပေါ်မှ မျက်နှာ အဝတ်အမည်း စီးထားသည့်သူများက သေနတ်များကိုင်ဆောင်ထားပြီး ရွှေလဝန်းရွှေဆိုင်ပိုင်ရှင်ဖြစ်သူထံမှ ရွှေထည်များ ထည့်ထားသည့် ဘူးကို ယူဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဓားပြတိုက်မှု ဖြစ်စဉ်အပြီးတွင် ‌နံနက် ၁၀နာရီဝန်းကျင်တွင် သေနတ်ကိုင် ‌ရဲ ၃ ဦးမှ ပညာရေးရုံးမှ ထွက်ကာ လမ်းသွားလာပြည်သူများနှင့် ကားများကို ခေတ္တမျှသာ စစ်ဆေး၍ ပြန်သွားကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article