ဝက်လက်မြို့နယ်တွင် အခြေခံပညာ ကျောင်းသားများ သမဂ္ဂထပ်မံ ဖွဲ့စည်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇွန် ၁၄
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဗ.က.သ များ အဖွဲ့ချုပ်မှ အခြေခံပညာ ကျောင်းသားများသမဂ္ဂ (ဗ.က.သ များအဖွဲ့ချုပ်) ထပ်မံဖွဲ့စည်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို ဝက်လက်မြို့နယ် အတွင်းရှိ ကြားကာလ ပညာရေး ကျောင်းတစ်ကျောင်းတွင် ပြုလုပ်ခဲ့ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲပြုလုပ်ကာ အခြေခံပညာ ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ ကို ဖွဲ့စည်းပေးခဲ့ကြောင်း သိရှိရသည်။