အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇွန် ၁၄
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “တော်လှန်ရေးဟာ ပြည်သူ့အရေးဖြစ်ရင် ပြည်သူကိုမှီတည်ပြီးနေရတဲ့ရဟန်းတွေဟာလည်း တော်လှန်ရေးနဲ့ဆိုင်ပါတယ်၊ပြည်သူနဲ့အတူအဆုံးထိတော်လှန်ကြပါစို့” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။