ယင်းမာပင်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ အသုံးပြုရန် စက်ရေတွင်း တူးဖော်ပြီး ရေကန် ဆောက်လုပ် လှူဒါန်း
ရန်ကုန်၊ ဇွန် ၁၄
ယင်းမာပင်မြို့နယ်ရှိ စစ်ဘေးရှောင် ကျေးရွာ ၅ ရွာက ပြည်သူများ သောက်ရေနှင့် သုံးရေ အတွက် အသုံးပြုနိုင်ရန် S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က စက်ရေတွင်း တူးဖော်ပြီး ရေကန် ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း သိရသည်။