28 C
Yangon

နတ်မောက်မြို့နယ်၊ အမှတ် ၂ ဆက်သွယ်ရေးတပ် အတွက် ရိက္ခာထွက်ဝယ်သည့် တပ်ကြပ်ကြီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

နတ်မောက်မြို့နယ်၊ အမှတ် ၂ ဆက်သွယ်ရေးတပ် အတွက် ရိက္ခာထွက်ဝယ်သည့် တပ်ကြပ်ကြီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၁၄

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အမှတ် ၂ ဆက်သွယ်ရေးတပ်အတွက် ရိက္ခာထွက်ဝယ်သည့် တပ်ကြပ်ကြီး ထက်ကိုလင်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့ ဇွန်လ ၁၄ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က အမှတ် ၂ တပ်အတွင်းရှိ အကြမ်းဖက်စစ်သားများ စားသောက်ရန် ရိက္ခာဝယ်ရန် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့များမှ သေနတ် ဖြင့် ၅ ချက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း၊ ၎င်းသည် တပ်ကြပ်ကြီးစာရေးတစ် ဦးဖြစ်ပြီး တပ်အတွင်း၌ အရေးပါအရာရောက်ရုံသာမက စားဖိုဆောင်တွင်လည်း အဓိကကျသည့်နေရာ၌ တာဝန်ယူထားသူဖြစ်ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ရှင်းလင်းရခြင်းမှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံတပ်သားဖြစ်သည့်အတွက်ရှင်းလင်း ခဲ့ရခြင်းဖြစ်ပြီး ပြည်သူလူထုအပေါ် ခေတ်အဆက်ဆက် ယုတ်မာခဲ့သည့် အကြမ်းဖက်စစ်တပ် လက် အောက်ခံ စစ်သား၊ ရဲများသာမက ၎င်းတို့ကို ထောက်ခံကူညီနေသော ထောက်တိုင်များကိုလည်း နေရာ မရွေး၊ အချိန်မရွေးပစ်ခတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါပစ်ခတ်ရှင်းလင်းမှုကို ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့(နတ်မောက်) နှင့် Magwy Guerilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သား၊ ရဲ များရှိနေရာများနှင့် ဝေးဝေးနေထိုင်ကြရန် ပြောက်ကျားတပ်ဖွဲ့များမှ မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article