27 C
Yangon

ရေတာရှည်မြို့နယ်ရှိ စစ်တောင်းမြစ်ကူး တံတား စစ်ဆေးရေးဂိတ် ဖောက်ခွဲ တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် ၁ ဦး သေဆုံး၊ ဂိတ်စောင့်စစ်သား ဦးခေါင်းထဲ မိုင်းစဝင်ပြီး သေဆုံးရန် ရာခိုင်နှုန်းများပြား

Must read

ရေတာရှည်မြို့နယ်ရှိ စစ်တောင်းမြစ်ကူး တံတား စစ်ဆေးရေးဂိတ် ဖောက်ခွဲ တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် ၁ ဦး သေဆုံး၊ ဂိတ်စောင့်စစ်သား ဦးခေါင်းထဲ မိုင်းစဝင်ပြီး သေဆုံးရန် ရာခိုင်နှုန်းများပြား

ရန်ကုန်၊ ဇွန် ၁၄

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ စစ်တောင်းမြစ်ကူး တံတား စစ်ဆေးရေးဂိတ် ဖောက်ခွဲ တိုက်ခိုက်ရာ ပျူစောထီး ခေါင်းဆောင် ၁ ဦး သေဆုံးကြောင်း ရေတာရှည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ သာဂရမြို့၊ ငှက်ပျောတောကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ စစ်တောင်းမြစ်ကူးတံတား စစ်ဆေးရေးဂိတ်ကို တောင်ငူခရိုင် တပ်ရင်း ၃၅၀၁ တပ်ခွဲ ၆ က ပြင်းအားကြီး အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ပျုစောထီး ခေါင်းဆောင် ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” သေသွားတဲ့ကောင်က ပျူစောထီး အကြီးစားကောင် သာဂရမြို့ပေါ်က ဒလန်အကြီးစားကောင် အဲကောင်က သုံးပိုင်းတောင် ပြတ်ကျသွားတယ်တဲ့ ၁ ကောင်က ပေါင်ထိတယ်။ နောက်ထပ် ၂ ကောင်က ဒဏ်ရာပြင်းထန်တယ် အခု အရေးပေါ်ကားတွေနဲ့ ခေါ်သွားတယ်လို့ သိရတယ်။ သေသွားတဲ့ ပျူစောထီး အကြီးစားကောင်ကို သာဂရ တစ်မြို့လုံးကြောက်နေရတာတဲ့ သူပတ်မွှေလို့ ပြေးရတဲ့သူတွေရှိတယ်။ ဒလန်အကြီးစား ကယ်ရီဆွဲတဲ့ ကောင်လို့သိရတယ်” ဟု ရေတာရှည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဂိတ်စောင့် စစ်သား ၁ ဦးမှာလည်း ဦးခေါင်းအတွင်းသို့ မိုင်းစဝင်သွားပြီး ဒဏ်ရာအပြင်းအထန်ရရှိထားကာ သေဆုံးရန် ရာခိုင်နှုန်းများပြားကြောင်း သိရှိရသည်။

“စစ်သား ၁ ဦးက ဦးခေါင်းထဲကို မိုင်းစဝင်သွားတယ်။ အဲဒါ သတိမလည်တော့ဘူး။ သွေးတွေဘာတွေ သွင်းထားပေမယ့် သေဖို့ပဲများတယ်လို့ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မိုင်းဆွဲမှုကြောင့် ထိခိုက် ဒဏ်ရာရရှိသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မြို့သစ် နှစ်ဆောင်မြိုင်ဆေးရုံ မဆရ – ၃ သို့ တိုက်ရိုက် ပို့ဆောင်လိုက်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article