30.2 C
Yangon

မုံရွာမြို့ GTC ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ခင်ဦးတွင်လည်း စစ်တပ်စစ်ကြောင်း အကြိမ်ကြိမ် မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုများနိုင်

Must read

မုံရွာမြို့ GTC ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ခင်ဦးတွင်လည်း စစ်တပ်စစ်ကြောင်း အကြိမ်ကြိမ် မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုများနိုင်

ရန်ကုန်၊ ဇွန် ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ နည်းပညာတက္ကသိုလ်(GTC) တွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့ကြောင်း Golden Eagle Force- Monywa တပ်ဖွဲ့မှ ကိုလင်းယုန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့လည် ၁ နာရီ ခန့်အချိန် အလစ်အငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှု ၆ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း၊ ဂိတ်ပေါက်ရှိ အကြမ်းဖက်စစ်သား ၄ အနက် ၃ ဦး သေဆုံးခဲ့ကြောင်း၊ ကျောင်းဝန်းအတွင်းရှိ သုံးထပ်တိုက်ပေါ်၌ နေရာယူထားသော အကြမ်းဖက်စစ်သားများ၏ ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ဦးခေါင်းကျည်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Golden Eagle Force- Monywa ၊ Red Star Front – ကြယ်နီတပ်ဦး(PLA) ၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ God of Monywa People Defense Force ၊ တောကျွဲကြီး ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၄ ရက်နေ့ နံနက် ၆ နာရီအချိန် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ ထွက်လာသော အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းက ကံသစ်ကျေးရွာအတွင်း ဝင်ရောက်လာချိန် တိုက်မိုင်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိကြောင်း၊ အဆိုပါ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသည် ကျေးရွာအတွင်း ဆေးကုသမှု လုပ်ဆောင်သွားပြီး ၅ ဒသမ ၅၆ ကျည် ၈ တောင့် ပြုတ်ကျကျန်ရစ်ခဲ့ကြောင်း Future Hero က သတင်းထုတ်ပြန်ထားသည်။

ထို့နောက် ကံသစ်ကျေးရွာအတွင်းမှအနောက်ဘက်မူးတံတားပေါ်သို့ ရှေ့ကင်းအဖြစ် စစ်သား ၆ ဦး ရောက်လာချိန်တွင် မိုင်းထပ်မံဆွဲခဲ့ရာ စစ်သားများ ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုမိုင်းမိသော ဒဏ်ရာရစစ်သားများကို လာကယ်သော စစ်သား ၁၀ ဦးမှာလည်း ထပ်မံ မိုင်းခွဲခံရ၍ ဒဏ်ရာရရှိကြောင်း၊ Future Hero က စုစုပေါင်းမိုင်း ၃ နေရာခွဲဖာက်ခွဲခဲ့ကြောင်း၊ ကံသစ်ရွာအနောက်ဘက်လယ်ကွင်းထဲတွင် Future Hero ၏ မဟာမိတ် ARF ၏ မိုင်းပွိုင့် ၁ ခုကို စစ်ကြောင်းက ထပ်မိသွားသဖြင့် စုစုပေါင်း မိုင်း ၄ နေရာပေါက်ကွဲမှုတွင် စစ်သားများ အထိအခိုက်အသေအပျောက်များနိုင်ကြောင်း သိရှိရသည်။

စစ်သားများကျကျန်ရစ်သော ဆေးပစ္စည်းများနှင့်ကျောပိုးအိတ်တစ်လုံးလည်းရရှိကြောင်း၊ စစ်တပ်က မိုင်းမိ၍ အထိနာသဖြင့် ကံသစ်ကျေးရွာကိုလည်း ၅ ကြိမ်မြောက်ထပ်မံမီးရှို့သွားခဲ့ရာနေအိမ် ၃‌၀ ခန့်မီးလောင်ဆုံးရှုံးခဲ့ရကြောင်း၊ ကံသစ်ရွာသည် စစ်တပ်၏ အကြိမ်ကြိမ် မီးရှို့ခံရမှုကြောင့် စုစုပေါင်းနေအိမ် ၄၀၀ နီးပါးခန့်မီးလောင် ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ခင်ဦးတွင် စစ်တပ်စစ်ကြောင်း အကြိမ်ကြိမ် မိုင်းမိထားမှု မြင်ကွင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article