32 C
Yangon

စစ်ကိုင်း၊ ဆားတောင်မြို့၊ သာဇင်ရွာကို စစ်တပ်က မီးတင်ရှို့မှု အိမ်ခြေ ၇၀၀ ခန့် ပြာကျပြီး အသက် ၆၀ အရွယ် ဒေါ်သန်းမြင့် မီးလောင်သေဆုံး

Must read

စစ်ကိုင်း၊ ဆားတောင်မြို့၊ သာဇင်ရွာကို စစ်တပ်က မီးတင်ရှို့မှု အိမ်ခြေ ၇၀၀ ခန့် ပြာကျပြီး အသက် ၆၀ အရွယ် ဒေါ်သန်းမြင့် မီးလောင်သေဆုံး

■ အိုင်းဓမ္မကျေးရွာနှင့် ပေါက်မရွာကိုလည်း စစ်တပ်က မီးဆက်ရှို့နေပြီး ပြည်သူ ၃၅ ဦးခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွား

ရန်ကုန်၊ ဇွန် ၁၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ သာဇင်ကျေးရွာကို စစ်တပ်က မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၇၀၀ ခန့်ပြာကျပြီး အသက် ၆၀ အရွယ် ဒေါ်သန်းမြင့် မီးလောင်သေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဇွန်လ ၁၃ ရက်နေ့ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ အနောက်ဘက် ၂ မိုင်အကွာရှိ သာဇင်ကျေးရွာကို စစ်တပ်က မီးဝင်ရှို့သွားကြောင်း ၊ မီးရှို့မှုကြောင့် အိမ်ခြေ ၇၀၀ ခန့် မီးလောင်ပြာကျသွားပြီး အသက် ၆၀ နှစ်အရွယ် ဒေါ်သန်းမြင့်မှာလည်း မီးလောင်သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ဆားတောင်မြို့ အနောက်ဘက် ၂မိုင်အကွာက သာဇင်ရွာကို ဇွန်လ ၁၃ရက်နေ့မှာ စစ်ခွေးတွေက မီးရှို့သွားပါတယ်။ အိမ်ခြေ ၇၀၀ ခန့်ပါသွားတယ်။ အသက် ၆၀ ကျော်အရွယ် ဒေါ်သန်းမြင့် အသက် ၆၀ မီးထဲပါသေဆုံးပါတယ်။ ဆားတောင်နဲ့ သာဇင်ကြား

ထိတွေ့မှုဖြစ်သွားတယ်။ ဇွန်လ ၁၃ ရက်နေ့က။ ကျေးရွာကိုတော့ အကြောင်းမဲ့ မီးရှို့တာပေါ့။ ဇွန်လ ၁၄ ရက်နေ့မှာ စစ်တပ်က အိုင်းဓမ္မရွာကို ထပ်မံ မီးရှို့ရာမှာ နေအိမ် ၁၀ လုံး ထပ်ပါသွားပါတယ်။ ဒီနေ့တော ပေါက်မ ရွာကို စစ်တပ်က ဆက်ရှို့နေပါတယ်” ဟု ဒေသတော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်တပ်က ကျေးရွာများကို မီးရှို့ ဖျက်ဆီးရုံမက ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ သာဇင်ကျေးရွာမှ ပြည်သူ ၂၅ ဦးနှင့် အခြားကျေးရွာများမှ ပြည်သူ ၁၀ ဦးခန့် စုစုပေါင်း ပြည်သူ ၃၅ ဦးကို ဖမ်းဆီးပြီး စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article