Khit Thit သတင်းဌာန၏ ဇွန် ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၁၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ နွေဦးရုပ်ရှင်ပွဲတော်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ပုံငွေ ကျပ် သိန်း ၂၀၀၀ ကျော်ရရှိခဲ့တယ်လို့ နွေဦးရုပ်ရှင်ပွဲတော် ကျင်းပရေးအဖွဲ့ကနေ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
– ရန်ကုန် နဲ့ မန္တလေးမှာ ရွှေကုန်သည် နဲ့ ရွှေဆိုင်ပိုင်ရှင် အယောက် ၂၀ ကို အကြမ်းဖက် စစ်ကောင်စီ တပ်က ဖမ်းဆီးခဲ့ပေမယ့် ရွှေစျေး နဲ့ ဒေါ်လာစျေး မကျဘဲ ဆက်လက်မြင့်တက်နေတယ်လို့ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မကျီးစောက်-ကျေးရွာကို ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်က တတိယအကြိမ်မြောက် ဝင်ရောက် မီးရှို့ ဖျက်ဆီးနေတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။