32 C
Yangon

မိုးဗြဲမြို့ကို ပြန်လာသည့် ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်၊ စစ်ဘေးရှောင် စခန်းများကို စစ်တပ်က တိုက်လေယာဥ် လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရ

Must read

မိုးဗြဲမြို့ကို ပြန်လာသည့် ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်၊ စစ်ဘေးရှောင် စခန်းများကို စစ်တပ်က တိုက်လေယာဥ် လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို ပြန်လာသည့် ပြည်သူ ၁ ဦး ကို အကြမ်းဖက် စစ်တပ်က ပစ်သတ်ခဲ့ကြောင်း မိုးဗြဲ PDF ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၁၄ ရက် မွန်းပိုင်းတွင် မိုးဗြဲမြို့ရှိ နေအိမ်သို့ ပြန်လာသည့် လင်မယား ၂ ဦးကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အမျိုးသားဖြစ်သူ သေဆုံးကာ အမျိုးသမီးဖြစ်သူ ထွက်ပြေးလွတ်မြောက် ခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ ည ၉ နာရီခန့်ကလည်း အကြမ်းဖက် စစ်တပ်က မိုးဗြဲမြို့အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ကို တာဝေးပစ်လက်နက်ကြီးဖြင့် ၁၅ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် အမျိုးသား၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၊ ယနေ့ ဇွန်လ ၁၅ ရက် နံနက် ၁ နာရီခွဲခန့်ကလည်း မိုးဗြဲအနောက်ခြမ်း ရှိ စစ်ဘေးရှောင် စခန်းများရှိရာ နေရာကို လေယာဉ်ဖြင့် လာရောက်ဗုံးကျဲခဲ့​ပြီး စစ်ဘေးရှောင်များ ခိုလှုံရာ တဲအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်မှ စစ်ဘေးရှောင်ပြည်သူများရှိရာ စခန်းများကို ဦးတည်ပစ်ခတ်တိုက်ခိုက်လျက်ရှိ သည်မှာ အကြိမ်ပေါင်းမြောက်များစွာ ရှိခဲ့ပြီး မိုးဗြဲမြို့တွင် စစ်ရေးအခြေအနေ တင်းမာနေသောကြောင့် စစ်ဘေးရှောင် ပြည်သူများအနေဖြင့် နေရပ်ပြန်ခြင်း မပြုလုပ်ကြရန်နှင့် လုံခြုံရေးကို အထူးဂရု စိုက် နေထိုင်ပေးကြပါရန် အမှတ် (၁၀၀၁)၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က သတိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article