Khit Thit သတင်းဌာန၏ ဇွန် ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၁၅ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-မွန်ပြည်နယ်၊ ရေးမြိုက ထီးမေဘောတံတားအနီး အိမ်စီးကားနဲ့ လိုက်ပါလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို KNLA တပ်ရင်း ၂၇၊ ခွဲ ၃ တပ်စုကနေ စောင့်ကြို တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး သေသွားတယ်လို့ တောင်ပိုင်း စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံး ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာရှိတဲ့ နည်းပညာတက္ကသိုလ်(GTC) မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦး သေသွားတယ်လို့ Golden Eagle Force- Monywa တပ်ဖွဲ့ရဲ့ ကိုလင်းယုန်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့က သာဇင်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဇွန်လ ၁၃ ရက်နေ့မှာ မီးတင်ရှို့ခဲ့သလို ၊ အိမ်ခြေ ၇၀၀ နီးပါး မီးလောင် ပြာကျသွားတဲ့အပြင် အသက် ၆၀ အရွယ် ဒေါ်သန်းမြင့် ဆိုသူလည်း မီးလောင်သေဆုံးခဲ့ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။