32 C
Yangon

သရက်ချောင်းမြို့နယ်တွင် စစ်သားနှင့် ပျူစောထီးများ တပ်စွဲထားသော ကင်းစခန်းကို သိမ်းပိုက် မီးရှို့ ဖျက်ဆီး

Must read

သရက်ချောင်းမြို့နယ်တွင် စစ်သားနှင့် ပျူစောထီးများ တပ်စွဲထားသော ကင်းစခန်းကို သိမ်းပိုက် မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၅

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သ ရက်ချောင်းမြို့အရှေ့မြောက်ဘက် ၂ မိုင်ခန့် အကွာရှိ အ ကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ တပ်စွဲထားသော ကင်းစခန်းတစ်ခုကို တိုက် ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ထံမှ သိရသည်။

ဇွန်လ ၁၂ ရက် နံနက် ၅ နာရီခန့်က အဆိုပါ အကြမ်းဖက် စစ် တပ် ကာကင်းစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထွက်ပြေးသွားပြီး စခန်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စခန်းအတွင်းမှ စကားပြောစက် ၂ လုံး အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိကာ စခန်းကို မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(ပကဖ) အဖွဲ့ဝင် တပ်ဖွဲ့များဖြစ်သော ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ ၊ ထားဝယ်နဂါးတပ်ခွဲ ၂ ၊ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရပ်ရွာနေပြည်သူလူထုများနှင့် လုံးဝ(လုံးဝ) မသက်ဆိုင်ကြောင်း သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ထုတ်ပြန်ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article