27 C
Yangon

ယင်းမာပင်မြို့ပေါ်ရှိ စစ်တပ်စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ယင်းမာပင်မြို့ပေါ်ရှိ စစ်တပ်စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၁၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ နေရာများကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Eagle Defence Force- EDF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြော ကြားသည်။

ဇွန်လ ၁၃ ရက် ည ၉ နာရီ မိနစ် ၂၀ ခန့်က ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သား၊ ရဲများ တပ်စွဲထား ရာ နေရာများကို ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှ ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများနေ ထိုင်သော အဆောက်အအုံများ ထိမှန်ပျက်စီးခဲ့ပြီး အကြမ်း ဖက်စစ် တပ်ဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ယင်းမာပင်မြို့ပေါ်က စုပေါင်းရုံးနဲ့ ရဲစခန်းကို ပစ်ခဲ့တာဗျ၊ အဖွဲ့အားလုံးပေါင်း လက်နက်ကြီး အလုံး ၁၀၀ ကျော်တယ်၊ စစ်ခွေးတွေကဘက်ကလည်း ၈၀ မမ တွေနဲ့ပြန်ပစ်တယ်၊ လေးငါးလုံးလောက်ပြန် ပစ်ပါတယ်” ဟု Eagle Defence Force- EDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်-ဆားလင်းကြီ လက်-နက်-ကြီး မဟာမိတ် တ-ပ်ပေါင်စုဝင်များ ဖြစ်ကြသော ကျွန်ုပ်တို့ Eagle Defense Force (EDF) ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Fighter Brotherhood Guerrilla Army၊စွန်ရဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Salingyi Border Task Force၊ BED ငညို ပြည်သူ့ ကာကွယ်ရေးတပ် ၊ Golden Star Force(ခရိုင်ရင်း ၂၉ တပ်ခွဲ ၅) ၊ နယ်စည်းမခြား ဇာမဏီပြောက်ကျား၊ တောကျီးကန်း၊ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့၊ တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တ ဇောက်ကန်း ဘဂျမ်း (ခရိုင်ရင်း ၃၁) နှင့် အခြား မဟာမိတ်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eagle Defense Force (EDF) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက် နေသော မည်သည့အဖွဲ့အစည်းများနှင့် မဆို ပူးပေါင်းတိုက်ခိုက်ကာ စစ်ရေးအရှိန်မြှင့်တင်သွားမည်ဖြစ် သဖြင့် မိဘပြည်သူများမှ တတ်နိုင်သမျှကူညီထောက်ပံ့ပေးပါကြရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article