32 C
Yangon

သပိတ်ကျင်းတွင် စစ်တပ်က ပြည်သူ ၃ ဦးကို မိုင်းထောင်ခိုင်းပြီး နှုတ်ပိတ်သည့်အနေဖြင့် ပစ်သတ်

Must read

သပိတ်ကျင်းတွင် စစ်တပ်က ပြည်သူ ၃ ဦးကို မိုင်းထောင်ခိုင်းပြီး နှုတ်ပိတ်သည့်အနေဖြင့် ပစ်သတ်

ရန်ကုန်၊ ဇွန် ၁၆

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကိုးပင်ကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို မိုင်းထောင်ခိုင်းပြီး နှုတ်ပိတ်သည့်အနေဖြင့် ပစ်ခတ်ခဲ့ကြောင်း Thabeikkyin Revolution – TR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ အမျိုးသား ၃ ဦးကို ဖမ်းဆီးလာပြီး မိုင်းပစ္စည်းများ သယ်ခိုင်းခြင်း၊ မိုင်းထောင်ခြင်းများ လုပ်ဆောင် ခိုင်းပြီး နှုတ်ပိတ်သည့်အနေဖြင့် ပစ်သတ်ခဲ့ကြောင်း၊ ယင်းလုပ်ရပ်ကို PDF တပ်ဖွဲ့များ လုပ်ဆောင်သည်ဟု စစ်တပ်လောဘီ တယ်လီဂရမ်များမှ ဝါဒဖြန့်နေကြောင်း သိရသည်။

“အစကတည်းက သူတို့ဖမ်းထားတဲ့ ပြည်သူတွေပါ၊ ဒေသနေပြည်သူတော့ မဟုတ်ဘူး၊ ဘယ်ရွာ၊ ဘယ် အရပ်က ပြည်သူတွေလဲ မသိရသေးဘူး။ သူတို့နဲ့အတူ ခေါ်သွားပြီးတော့ မိုင်းတွေသယ်ခိုင်းတယ်။ မိုင်းထောင် ပြီးတော့ လက်စဖျောက်ဖို့ သတ်ပစ်လိုက်တာ သေနတ်သံ ၅ ချက်လဲကြားတယ်လို့ ဒေသနေ ပြည်သူတွေက ပြောပြတယ်”ဟု Thabeikkyin Revolution – TR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ပြည်သူ ၃ ဦးကို ပစ်ခတ်သတ်ဖြတ်သွားသည့် အကြမ်းဖက်စစ်သားများသည် ကြာညှပ်ကျေးရွာ ရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သား၊ ရဲများဖြစ်ပြီး ကားဖြင့်ထွက်လာကာ ပြည်သူ ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ပြီးနောက် ၎င်းကားနှင့်ပင် ရုပ်အလောင်းများကို ပြန်သယ်သွားခြင်းဖြစ်ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article