33 C
Yangon

ကန့်ဘလူ၊ ရှမ်းကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄ လုံး ပြာကျပြီး ကျေးရွာ ၁၃ ရွာမှ ပြည်သူ ၇၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ကန့်ဘလူ၊ ရှမ်းကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄ လုံး ပြာကျပြီး ကျေးရွာ ၁၃ ရွာမှ ပြည်သူ ၇၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၁၆

စစ်ကိုင်းတိုင်း၊ ကန့်လလူမြို့နယ်၊ ရှမ်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၄ လုံးပြာကျခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ဇင်းရွာမှထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ်၏ ခမရ-၃၆၁ စစ်ကြောင်းက ရှမ်းကုန်းကျေးရွာအတွင်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ ဖျက်စီးခဲ့​ပြီး နေအိမ် ၄ လုံးပြာကျခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်က ကျွန်းလှနှင့် ကန့်ဘလူ မြို့နယ်အတွင်း စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ကြာတကန်၊ ထန်းပင်ကုန်းရွာ၊ ရှမ်းကုန်း၊ ပင့်သာ၊ ချောင်းကြား၊ ဖလားရ၊ အင်းမ၊ နဂါးပေါ်၊ အုတ်ခင်း၊ ဟင်းဖြူတော၊ ပင်းတဲ၊ အင်ကြင်းစုနှင့် အင်ကြင်းမြိုင်ရွာ စသည့်ကျေးရွာ ၁၃ ရွာက ပြည်သူ ၇၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ရှမ်းကုန်းရွာကို စစ်ခွေးတွေ မီးရှို့တာ နေအိမ် ၄ လုံးပြာကျသွားတယ်။ ကျေးရွာ ၁၃ ရွာက ပြည်သူ ၇၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်။ မနေ့က တချို့တဝက် ပြန်ဝင်တယ်လို့တော့ သိထားရတယ်” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ရှမ်းကုန်းကျေးရွာသည် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၁၁

ရက်နေ့က ပထမအကြိမ် မီးရှို့ဖျက်စီးခံရပြီး ပြည်သူပိုင်နေအိမ် ၅ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ယခု ဒုတိယအကြိမ် မီးရှို့ဖျက်စီးခံရခြင်းကြောင့် ပြည်သူပိုင်နေအိမ် ၄ လုံးနှင့် စပါးတိုက် ၁ လုံးပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article