33 C
Yangon

ကလေးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များကို အခွန်စတင်ကောက်ခံနေပြီး အခွန်ရှောင်သည့် လုပ်ငန်းရှင် များကို ဥပဒေနှင့်အညီအရေးယူမည်ဟု ကြေညာ

Must read

ကလေးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များကို အခွန်စတင်ကောက်ခံနေပြီး အခွန်ရှောင်သည့် လုပ်ငန်းရှင် များကို ဥပဒေနှင့်အညီအရေးယူမည်ဟု ကြေညာ

ရန်ကုန်၊ ဇွန် ၁၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအပေါ် အခွန်စတင်ကောက်ခံနေပြီဖြစ်ပြီး အခွန် ထမ်းဆောင်ခြင်းမရှိပဲ တိမ်းရှောင်နေသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

ကလေးမြို့နယ်အတွင်း၌ တားမြစ်ကုန်စည် တင်ဆောင်ရောင်းချသည့်ဆိုင်များ၊ အခွန်/ဒဏ်ကြေး မထမ်း ဆောင်သည့်လုပ်ငန်းများ ကလေးမြို့နယ် (တောင်ပိုင်း၊မြောက်ပိုင်း)တွင် အရေးယူဆောင်ရွက်မှု စတင်နေ ပြီဖြစ်ပါကြောင်းနှင့် နောက်ကျအခွန်/ဒဏ်ကြေး ဆောင်သူများ ရက်လွန်ကြေးပါပေးဆောင်ရမည်ဖြစ် ကြောင်း ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

“အဓိက ကတော့ စီးပွားရေးလုပ်ငန်းရှင်ကို ဦးတည်တဲ့အခွန်ကောက်မှုပါ၊ အဓိကတော့ မြို့ပေါ်စီးပွားရေး လုပ်ငန်းရှင်တွေပေါ့၊ NLD အစိုးရလက်ထက်က အခွန်ဆောင်ခဲ့ရတဲ့ လုပ်ငန်းအားလုံး ပြန်ပြီးတော့ အခွန် ထမ်းဆောင်ပေးရမှာပေါ့၊ လုပ်ငန်းရှင်တွေအနေနဲ့ အခွန်မဆောင်ဘူးဆိုရင် သူတို့ရဲ့ ကုန်ပစ္စည်းတွေကို အမျိုး သားညီညွတ်ရေး ထိန်းချုပ်နယ်မြေမှာ ဖြန့်ဖြူးရောင်းချခွင့်ပြုမှာ မဟုတ်ဘူး၊ ဒါကကလေးမြို့နယ် တစ်မြို့ နယ် ထဲမဟုတ်ပဲနဲ့ NUG ထိန်းချုပ်မြို့နယ်တွေ အကုန်လုံးနဲ့ချိတ်ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့၊ သပိတ် မှောက်ပစ္စည်းတွေက ဘယ်ဆိုင်ကိုမှ တင်ခွင့်မပြုဘူး၊ ဒီပစ္စည်းတွေက အခွန်ဆောင်ထားလဲ ဖမ်းမှာပဲ” ဟု ကလေးမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ခေါင်းဆောင် ရဲမှူး အောင်ကြီးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ပြည်သူလူထုအား ဝန်ဆောင်မှုပေးနိုင်ရန် အမျိုးသားညီ ညွတ်ရေးအစိုးရ၏ မြို့နယ်အဆင့် အစိုးရယန္တရားလည်ပတ်နိုင်ရန်အတွက် ပြည်သူလူထုအား ဝန်မပိစေဘဲ လုပ်ငန်းရှင်ကြီးများအား အဓိကထားသည့် အခွန်စနစ် လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးမြို့ ပေါ်/ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ အခွန်ထမ်း ဆောင်ရန် တာဝန်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မေလ ၂၆ ရက်နေ့မှ စတင်၍ ဇွန်လ ၄ ရက်နေ့ အထိ ၁၀ ရက်ကြာ ပညာပေးကာလ သတ်မှတ်ခဲ့ကြောင်း၊ အခွန်ရှောင်သည့် လုငန်းရှင်များ၏ ပစ္စည်းများအား အမျိုးသားညီညွတ်ရေး အစိုးရ ထိန်းချုပ်မှုအောက်ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း ချိတ်ဆက် ၍ ဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အခွန်ထမ်းဆောင်ရမည့် ပစ္စည်းများမှာ ရေနံ၊ ကျောက်ခွဲစက်၊ အုတ်ဖို၊ အုတ်ခွေ၊ ကျောက်ခွေ၊ မီးသွေး၊ ထင်း၊ ဝါး၊ ဓာတ်ဆီ၊ ဒီဇယ်၊ ကုန်စုံဆိုင်များ၊ လိုင်းကားများ၊ လိုင်းကားယာဉ်ထွက်ခွင့်၊ သီးနှံပွဲရုံ၊ သစ်စက်၊ ယစ်မျိုး တို့ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီထုတ် သပိတ်မှောက်ကုန်စည်ပစ္စည်းများပါဝင်ခြင်းမရှိကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article