35 C
Yangon

မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၁၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Royal Defence Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အဆိုပါ ပျူစောထီး ကျေးရွာကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သားနှင့် ပျူစောထီးများ ထိခိုက် သေဆုံးမှုများရှိနိုင်ကြောင်း၊ အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

“၁၀ လုံးထုခဲ့တယ်ဗျ၊ ၇ လုံးတော့ ရွာထဲကျတယ်၊ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေတုန်း ပဲဗျ၊ ခွေးတွေဘက်က ကျနော်တို့ ပြန်ခါနီး လက်နက်ကြီးနဲ့ ၂ လုံးပြန်ပစ်တယ်၊ အထိအခိုက်မရှိပါဘူး” ဟု Royal Defence Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Royal Defence Force (MYG) နှင့် Phoenix Ranger(MYG) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article